Friday, March 3, 2017

ကျွန်းလှမြို့နယ် သစ်ချိုကျေးရွာတွင် သန့်ရှင်းသော သောက်သုံးရေရရှိရေး စက်ရေတွင်း တူးဖော်

ကျွန်းလှ      မတ်     ၃
စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့နယ် သစ်ချိုကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်ခွင့်ပြုရန်ပုံငွေဖြင့် သန့်ရှင်းသော သောက်သုံးရေရရှိစေရန် စက်ရေတွင်းတူးဖော်ခဲ့ကြောင်း သိရသည်။

ထိုစက်ရေတွင်း တွင်းနက်၊ အုတ်ရေကန်၊ ရေစက်ရုံနှင့် ကျေးရွာအတွင်း ရေပိုက်လိုင်းသွယ်တန်းခြင်းကို ခွင့်ပြု ရန်ပုံငွေကျပ် ၁၀ ဒဿမ ၉၄သန်းဖြင့် Real Resource ကုမ္ပဏီက တာဝန်ယူဆောင်ရွက်ကြောင်း မြို့နယ်ဦးစီးမှူး ဦးကျော်လှိုင်ဝင်းက ပြောကြားခဲ့သည်။
အဆိုပါ သစ်ချိုကျေးရွာတွင် စက်ရေတွင်းတူးဖော်ပြီး ကျေးရွာအတွင်း ပိုက်လိုင်းသွယ်တန်းခြင်းဖြင့် အိမ်ခြေ ၁၁၂အိမ်၊ လူဦးရေ ၅၈၈ဦးနှင့် တိရစ္ဆာန်များ ရာသီမရွေး သောက်သုံးရေ လွယ်ကူစွာသုံးစွဲနိုင်မည် ဖြစ်ကြောင်း သတင်းရရှိသည်။

ကျွန်းလှ (ပြန်/ဆက်)

No comments:

Post a Comment