Thursday, March 23, 2017

ကုန်သွယ်ရေးနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအတွက် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်သွားနိုင်မည့် ကိစ္စရပ်များ ဆွေးနွေး


နေပြည်တော်  မတ် ၂၃
 
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E. Mr. Vikram Misri ဦးဆောင်သော အဖွဲ့အား ယနေ့ မွန်းလွဲ ၁၂ နာရီခွဲတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဧည့်ခန်းမ (၁) ၌ တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် သာမက ကမ္ဘာ့နိုင်ငံ အသီးသီး နှင့် တံခါးဖွင့်ဈေးကွက် စီးပွားရေးစနစ်ကို ကျင့်သုံး ဆောင်ရွက်နေမှု အခြေအနေများ၊ ကုန်သွယ်ရေးနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအတွက် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်သွားနိုင်မည့် ကိစ္စရပ်များ၊ မြန်မာနိုင်ငံမှ ပဲမျိုးစုံ တိုးမြှင့်တင်ပို့နိုင်ရေး အပါအဝင် နှစ်နိုင်ငံအကြား ကုန်သွယ်မှု မြှင့်တင်နိုင်မည့် အလားအလာများ၊ ရင်းနှီး မြှုပ်နှံမှုဆိုင်ရာ ပတ်ဝန်းကျင်ကောင်းများ ရှိနေသည့်အတွက် အိန္ဒိယနိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များ အား မြန်မာနိုင်ငံသို့ လာရောက် ရင်းနှီးမြှုပ်နှံနိုင်ရေးနှင့် လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် ပံ့ပိုးကူညီပေးနိုင်ရေး ကိစ္စများအား ဆွေးနွေးခဲ့ကြသည်။  

 (သတင်းစဉ်)

No comments:

Post a Comment