Thursday, March 23, 2017

ပညာရေးဝန်ကြီးဌာနမှ လောက်ကိုင်ဒေသပစ်ခတ်မှုဖြစ်စဉ်တွင် သေဆုံးသွားသော မူလတန်းပြ ဆရာမ ဒေါ်ဗျာမီး အတွက် ထောက်ပံ့ငွေများပေးအပ်



လားရှိုး  မတ် ၂၃

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့၊ အောင်သစ္စာရပ်ကွက်၌ မတ်လ ၂၃ ရက် နံနက် ၉ နာရီအချိန်က လောက်ကိုင်ဒေသပစ်ခတ်မှုဖြစ်စဉ်တွင် သေဆုံးသွားသော မူလတန်းပြ ဆရာမ ဒေါ်ဗျာမီး နှင့် ကျန်ရစ်သူ သမီးငယ်အတွက် ထောပ်ပံ့ငွေများပေးအပ်ကြောင်းသိရသည်။


ပညာရေးဝန်ကြီး၊ ဒုတိယဝန်ကြီး အမှူးပြုသော ပညာရေးဝန်ကြီးဌာနမိသားစုမှ လောက်ကိုင်မြို့နယ်၊ အ. မ .က၊ လောင်အဲချီမှ မူလတန်းပြဆရာမ ဒေါ်ဗျာမီးသည် ၂၀၁၇ မတ်လ ၆ ရက် နံနက် (၂း၀၀)နာရီ အချိန်ပစ် ခတ်မှုဖြစ်စဉ်တွင် သေဆုံး သွားခဲ့ပြီး ကျန်ရစ်ခဲ့သော (၂လခွဲ)အရွယ် သမီးငယ် မဆောင်းဒီဇင်ဘာထွန်း တို့အတွက် ထောက်ပံ့ငွေ  ၂၈ သိန်း ၅သောင်းကျပ်ကို ၄င်းတို့၏ နေအိမ်သို့ သွားရောက်၍ ပညာရေးဝန်ကြီး ဌာနကိုယ်စား၊ လားရှိုးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမောင်မောင်နိုင်၊ ဒုတိယပါမောက္ခချုပ်၊ လက်ထောက် ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိ သူတို့ က အဖိုး၊ အဖွားများဖြစ်ကြသော ဦးဇော်ထွန်း၊ ဒေါ်ကြည်ကြည်လွင် တို့၏လက်ဝယ်သို့ ပေးအပ်ခဲ့ကြောင်းသိရသည်။


ဟန်ဌေး(လားရှိုး) ခရိုင်ပြန်/ဆက်

No comments:

Post a Comment