နေပြည်တော် မတ် ၈
ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု
ပူးတွဲကော်မတီအနေဖြင့် နိုင်ငံရေး ဆွေးနွေးပွဲများတွင် ဆွေးနွေးမည့် အကြောင်းအရာများအပေါ်
အခြေခံ၍ စနစ်တကျ စီမံဆောင်ရွက်နိုင်ရန် အတွက် လုပ်ငန်းကော်မတီ ၅ ခုကို ၂၀၁၇ ခုနှစ်
ဖေဖော်ဝါရီ ၁၆ ရက်က ဖွဲ့စည်းခဲ့သည်။
အဆိုပါ လုပ်ငန်းကော်မတီများ၏ ဆွေးနွေးပွဲများကို
ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနရှိ
နေရာအသီးသီးတွင် ကျင်းပရာ ယင်းကော်မတီများတွင် ပါဝင်သော အစိုးရအစုအဖွဲ့၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများ အစုအဖွဲ့နှင့်
နိုင်ငံရေးပါတီများအစုအဖွဲ့တို့မှ ကော်မတီဝင်များ တက်ရောက်ကြ သည်။
လုပ်ငန်းကော်မတီအလိုက် ဆွေးနွေးပွဲများ
မစတင်မီ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေး မှု ပူးတွဲကော်မတီ အတွင်းရေးမှူးအဖွဲ့ အစည်းအဝေးကို
ကျင်းပခဲ့သည်။
ဖက်ဒရယ်စနစ်
အခြေခံရမည့် မူများ
ထို့နောက် လုပ်ငန်းကော်မတီအလိုက် အစည်းအဝေးများကို
သတ်မှတ်နေရာ အသီးသီး တွင် ဆက်လက်ကျင်းပရာ နိုင်ငံရေးကိစ္စရပ်များ
ဆွေးနွေးမှု လုပ်ငန်းကော်မတီ၌ ဦးခင်ဇော်ဦး၊ ဒေါက်တာ လျန်မှုန်းဆာခေါင်းနှင့် စိုင်းကျော်ညွန့်တို့က
ဦးဆောင်၍ ကော်မတီ၏ လုပ်ငန်း လမ်းညွှန်များ၊ ဆွေးနွေးမည့်အစီအစဉ်နှင့် ခေါင်းစဉ်များကို
ရှင်းလင်းပြောကြားကြပြီး ဗိုလ်မှူးချုပ် တင်အောင်၊ ဗိုလ်မှူးချုပ် လှသန်းမောင်၊ ဦးဌေးဝင်း
အောင်၊ ဦးကျော်ကျော်ဟန်၊ ဒေါက်တာစိုင်းဦး၊ စောအယ်ကလူစေး၊ စောစံငြိမ်းသူ၊ စောကူးကူ၊
ဦးဇမ်ဇမုန်၊ စိုင်းဘိုးအောင်၊ ဒေါက်တာတူးဂျာနှင့် ဦးအောင်ကြည်ညွန့်တို့က ပြန်လည်
ဆွေးနွေးကြသည်။
နိုင်ငံရေးကိစ္စရပ်များ
ဆွေးနွေးမှု လုပ်ငန်းကော်မတီ အနေဖြင့် ဖက်ဒရယ်စနစ်နှင့် ပတ်သက်သည့် အခြေခံရမည့်မူများကို
ဆွေးနွေးခဲ့ကြသည်။
လူမှုဖွံ့ဖြိုးရေးဆိုင်ရာ
အခြေခံမူများ
အလားတူ လူမှုရေးကိစ္စရပ်များ ဆွေးနွေးမှု လုပ်ငန်းကော်မတီ၌ ဦးဇော်ဌေး၊ ဦးစိုင်းလနှင့်
ဦးနိုင်ငံလင်းတို့က ဦးဆောင်၍ ကော်မတီ၏ လုပ်ငန်းလမ်းညွှန်များ၊ ဆွေးနွေးမည့် အစီအစဉ်နှင့်
ခေါင်းစဉ်များကို ရှင်းလင်း ပြောကြားကြပြီး ဗိုလ်ချုပ်နေလင်း၊ ဒေါ်ဇင်မာ အောင်၊ ဦးနိုင်ဆွေဦး၊
စောဆဲဗွယ်၊ ခွန်သောမက်စ်၊ ဒေါ်အေးသီတာမြင့်၊ ဦးတင်ဆွေ၊ ဦးဆမ်းဆောင်ကားနှင့် ဦးရွှေမင်း
တို့က ပြန်လည်ဆွေးနွေးကြသည်။
လူမှုရေးကိစ္စရပ်များ
ဆွေးနွေးမှု လုပ်ငန်းကော်မတီအနေဖြင့် ပြန်လည်နေရာ ချထားရေး၊ ပြန်လည်ထူထောင်ရေးနှင့်
လူမှုဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်သော အခြေခံ မူများကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
ဖက်ဒရယ်စနစ်ဆိုင်ရာ
စီးပွားရေးနှင့် ဘဏ္ဍာရေး မူဝါဒများ
ထို့ပြင် စီးပွားရေးကိစ္စရပ်များ ဆွေးနွေးမှု လုပ်ငန်းကော်မတီ၌ ဦးလှမောင်ရွှေ၊ ဒေါ်စောမြရာဇာလင်းနှင့်
မင်းကျော်ဇေယျာဦးတို့က ဦးဆောင်၍ ကော်မတီ၏ လုပ်ငန်း လမ်းညွှန်များ၊ ဆွေးနွေးမည့် အစီအစဉ်နှင့်
ခေါင်းစဉ်များကို ရှင်းလင်းပြောကြားကြပြီး ဗိုလ်မှူးချုပ်သိုက်စိုး၊ မိကွန်ချမ်း၊ ဦးဗရတ်ဆင်း၊
ဆလိုင်းထလာဟေး၊ ပဒိုစောတာဒိုမူး၊ စိုင်းလျန်း၊ ခွန်တင်ရွှေဦး၊ ဦးထွန်းနိုင်၊ ဦးသိန်းထွန်း၊
ဦးမားကို့စ်နှင့် ဦးသာထွန်းလှတို့က သိရှိလိုသည် များကို ပြန်လည် ဆွေးနွေးကြသည်။
စီးပွားရေးကိစ္စရပ်များ
ဆွေးနွေးမှု လုပ်ငန်းကော်မတီအနေဖြင့် ဒေသန္တရဖွံ့ဖြိုးရေး ဆိုင်ရာ အခြေခံရမည့်မူများနှင့်
ဖက်ဒရယ်စနစ်ဆိုင်ရာ စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ မူဝါဒများ ကို ဆွေးနွေးခဲ့ကြသည်။
အလားတူ လုံခြုံရေးကိစ္စရပ်များ ဆွေးနွေးမှု လုပ်ငန်းကော်မတီ၌ ဗိုလ်ချုပ် စိုးနိုင်ဦး၊
ဦးမျိုးဝင်းနှင့် ဦးတာလှဖေတို့က ဦးဆောင်၍ ကော်မတီ၏ လုပ်ငန်းလမ်းညွှန်များ၊ ဆွေးနွေးမည့်
အစီအစဉ်များကို ရှင်းလင်းပြောကြားကြပြီး ဗိုလ်ချုပ်တင်မောင်ဝင်း၊ ဗိုလ်မှူးချုပ်စိန်ထွန်းလှ၊
ဦးအင်ထုံးခါးနော်ဆမ်၊ ဒေါက်တာချောချောစိန်၊ စ၀်ဘောင်ခေး၊ ပဒိုစောအောင်ဝင်းရွှေ၊ ပူးထက်နီ၊
ဒေါက်တာအောင်မြတ်ဦး၊ ဦးစောထွန်းအောင်မြင့်နှင့် ဒေါ်နန်းခင်စိန်မြင့် တို့က ပြန်လည်ဆွေးနွေးကြသည်။
ဖက်ဒရယ်စနစ်ကို
အခြေခံသောမြေယာမူဝါဒ
ထို့အတူ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒကိစ္စရပ်များ ဆွေးနွေးမှု လုပ်ငန်းကော်မတီ၌
ဦးအောင်စိုး၊ ခွန်မြင့်ထွန်းနှင့် ဦးမြင့်စိုး တို့က ဦးဆောင်၍ ကော်မတီ၏ လုပ်ငန်းလမ်းညွှန်များ၊
ဆွေးနွေးမည့် အစီအစဉ်နှင့် ခေါင်းစဉ်များကို ရှင်းလင်းပြောကြားကြ ပြီး ဗိုလ်မှူးချုပ်
အောင်သိန်းဦး၊ ဦးစိုးဝင်း၊ ဦးဇော်မင်းလတ်၊ ဦးဆန်နီ၊ စောဒဲနယ်လ်၊ စိုင်းစိုင်းငင်း၊
ဒေါ်ဒွဲဘူ၊ ဦးလှခိုင်၊ ခွန်ထွန်းရွှေနှင့် ဦးအိုက်ဆောတို့က ကော်မတီ၏လုပ်ငန်း အစီအစဉ်များ
အပေါ် ပြန်လည်ဆွေးနွေးကြသည်။
မြေယာနှင့်
သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒကိစ္စရပ်များ ဆွေးနွေးမှု လုပ်ငန်း ကော်မတီအနေဖြင့်
ဖက်ဒရယ်စနစ်ကို အခြေခံသော မြေယာမူဝါဒ၊ သဘာဝပတ်ဝန်းကျင်နှင့် သဘာဝဘေးအန္တရာယ် ကာကွယ်ရေး
ဆိုင်ရာ မူဝါဒ တို့ကို ဆွေးနွေးခဲ့ကြသည်။
လုပ်ငန်းကော်မတီအလိုက် ဆွေးနွေးပွဲများကို
ယနေ့မှ မတ်လ ၁၀ ရက်အထိ ကျင်းပ သွားမည်ဖြစ်သည်။
သူရဇော်(သတင်းစဉ်)





No comments:
Post a Comment