ပုလဲ မတ် ၃
စစ်ကိုင်းတိုင်းဒေသကြီး
ယင်းမာပင်ခရိုင် ပုလဲမြို့ပေါ်ရှိ
ဆေးဆိုင်များတွင် ဆေးဝါးအတု၊ စံမညီဆေးဝါးနှင့် ဘေးဥပါဒ်
ဖြစ်စေနိုင်သည့် ပစ္စည်းများဖြင့် ဖော်စပ် ထုတ်လုပ်ထားသော ဆေးဝါးများ ရောင်းချမှု
ရှိ/မရှိကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(မုံရွာ)
တာဝန်ခံ ဒေါက်တာလှဝင်းရွှေနှင့် ၀န်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့စခန်း ၊ နယ်ထိန်းခေါင်းဆောင်
ရဲအုပ်ခင်မောင်ဇော်နှင့်ရဲတပ်ဖွဲ့ဝင်များ၊မြို့နယ်ကုသရေးဦးစီးဌာန ကျန်းမာရေးမှူး ဦးမင်းအောင်နှင့်ဝန်ထမ်းများက
မတ် ၃ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်က ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန
( မုံရွာ )တာဝန်ခံ ဒေါက်တာလှဝင်းရွှေက "ကျွန်မတို့ ဦးစီးဌာနအနေနဲ့ ဆေးဆိုင်များမှာ ဆေးဝါးဖြန့်ဖြူး ရောင်းချခွင့်
လိုင်စင် ရှိ/ မရှိ၊ မှတ်ပုံ တင်ထားခြင်း
မရှိသော ဆေးဝါး၊ မှတ်ပုံတင်ခေတ္တ ရုပ်သိမ်းခြင်း၊ ပယ်ဖျက်ခြင်း ပြုလုပ်ထားသော ဆေးဝါး၊ ဆေးဝါးအတု၊ စံမညီဆေးဝါး၊
ပျက်စီးဆေးဝါး၊ ရောနှော ဆေးဝါးများ၊ ဘေးဥပါဒ်
ဖြစ်စေနိုင်သည့် ပစ္စည်းများဖြင့် ဖော်စပ်ထုတ်လုပ်ထား ဆေးဝါး၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက
သုံးစွဲရန်မသင့်ဟု အမိန့်ကြော်ငြာစာထုတ်ပြန်၍ သတ်မှတ်ထားသော ဘေးအန္တရာယ်ရှိသည့် ဆေးဝါးများ
ရောင်းချခြင်း ရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးခြင်း ဖြစ်ပါတယ်" ဟု ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ
မြို့နယ် ၃၇မြို့နယ်သို့လည်း ကွင်းဆင်း၍ အများပြည်သူများ ဆေးဝါးသုံးစွဲရာတွင် လုံခြုံစိတ်ချစေရန်အတွက်
ဆေးဆိုင်များတွင် ဆေးဝါးအတု၊ စံ မညီဆေးဝါးနှင့် ဘေးဥပါဒ် ဖြစ်စေနိုင်သည့် ပစ္စည်းများဖြင့် ဖော်စပ် ထုတ်လုပ်ထားသော ဆေးဝါးများရောင်းချမှု
ရှိ/မရှိကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊
အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန( မုံရွာ)က ၄ လ တစ်ကြိမ် ပညာပေးဆွေးနွေးခြင်းနှင့်
စစ်ဆေးခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
မြို့နယ် (ပြန်/ဆက်)
No comments:
Post a Comment