နေပြည်တော်
မတ် ၁
ချင်းပြည်နယ်တွင် ရောက်ရှိနေသော ဒုတိယသမ္မတ
ဦးဟင်နရီဗန်ထီးယူနှင့် အဖွဲ့သည် ယမန်နေ့ က ချင်းပြည်နယ်အတွင်းရှိ မတူပီ၊ ဆမီးနှင့်
ပလက် ၀မြို့နယ်များအတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ စစ်ဆေးဆောင်ရွက်သည်။
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ပြည်ထောင်စုဝန်ကြီး
ဦးသန့်စင်မောင်၊ ဦးဝင်းခိုင်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ဒုတိယ ဝန်ကြီး
ဗိုလ်ချုပ်သန်းထွဋ်၊ ဒေါက်တာ ထွန်းနိုင်၊ ဌာနဆိုင်ရာ တာဝန်ရှိ သူများသည် ယမန်နေ့ နံနက်ပိုင်းတွင်
မတူပီမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းသို့ ရောက်ရှိရာ မြို့နယ်ပညာရေး မှူးရုံး
ဆောက်လုပ် မည့် နေရာနှင့် ပြိုကျရန် အန္တရာယ်ရှိ သည့် ကျောင်းဆောင်များအား ဖျက်သိမ်း
ဆောင် ရွက်မည့် အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး အဆောက်အဦသစ် ဆောက်လုပ်နိုင်ရေးအတွက်
သက်ဆိုင်ရာ တာဝန်ရှိ သူများနှင့် ညှိနှိုင်းပေးသည်။
ထိုမှတစ်ဆင့် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည်
ဆမီးမြို့ အခြေခံပညာ အထက်တန်း ကျောင်း(ခွဲ)သို့ ရောက်ရှိပြီး ကျောင်းဆောင်များ အဆင့်မြှင့်
တင်နေမှုကို လှည့်လည် ကြည့်ရှု စစ်ဆေးသည်။
ဆက်လက်၍ ၂၅ ခုတင်ဆံ့ မြို့နယ်ပြည်သူ့ဆေးရုံသို့ရောက်ရှိပြီး
ဆေးရုံ အတွင်းရှိ လူနာကုသ ဆောင်များ၊ ဓာတ်ခွဲခန်းတို့ကို လှည့် လည်ကြည့်ရှုပြီး ဆေးရုံတက်
လူနာများ၏ကို ထောက်ပံ့ငွေ များ ပေးအပ်သည်။
ယင်းနောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးခန်းမ၌
ဒေသခံပြည်သူ များနှင့် တွေ့ဆုံ ၍ မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အပိုင်းက
ပံ့ပိုးကူညီပေးမည့် အခြေအနေများကို ရှင်းလင်း ပြောကြားသည်။
ဆမီးမြို့ ဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များကို
မြို့မိမြို့ဖ ဦးအန်းလွင်က တင်ပြရာ တာဝန်ရှိ သူများက ဆက်သွယ်ရေးစနစ် ကောင်းမွန်ရေး၊
မြို့နယ်ချင်းဆက် လမ်းဖောက် လုပ်ပေးရေး၊ လျှပ်စစ်ဓာတ်အား ရရှိရေး၊ ကျောင်း များနှင့်
ဆေးရုံ များ အဆင့်တိုးမြှင့်ရေး တို့နှင့် စပ်လျဉ်း၍ ကဏ္ဍအလိုက် ဖြည့် ဆည်းဆောင် ရွက်ပေးမည့်
အစီအစဉ်များ ကို ပြန်လည်ရှင်းလင်း ပြောကြား ကြသည်။
ဆက်လက်၍ ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည်
ပလက်ဝမြို့ ခုတင် ၅၀ ဆံ့ ပြည်သူ့ ဆေးရုံ သို့ရောက်ရှိပြီး လူနာကုသဆောင်များ၊ ဆေးသိုလှောင်
ခန်း၊ ဓာတ်ခွဲခန်းတို့ကို လှည့်လည်ကြည့်ရှုပြီး ဆေးရုံတက် လူနာများ ကို ထောက်ပံ့ငွေများ
ပေးအပ်သည်။
ထို့နောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံး
အစည်းအဝေးခန်းမ ၌ ဒေသခံ တိုင်းရင်းသားများ၊ မြို့မိမြို့ဖများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေး
အတွက် နိုင်ငံတော် အပိုင်းက ဖြည့်ဆည်း ဆောင်ရွက်ပေးမည့် အစီအစဉ်များကို ရှင်းလင်းပြောကြား
သည်။
ပလက်ဝမြို့ ဖွံ့ဖြိုးရေးအတွက် ဒေသခံပြည်သူများ၏
လိုလားချက်များကို မြို့မိမြို့ဖ ဦးဟောင် ဝှေ့က တင်ပြရာ တာဝန်ရှိသူများက သက်ဆိုင်ရာ
ကဏ္ဍအလိုက် ပံ့ပိုးကူညီ ဆောင်ရွက်ပေး သွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ပလက်ဝမြို့ ဖွံ့ဖြိုးတိုးတက်ရေးအတွက်
နယ်စပ်ရေးရာ ဝန်ကြီး ဌာနမှ ထောက်ပံ့ငွေ ကျပ်သိန်း ၁၀၀ ကို ဒုတိယသမ္မတက မြို့နယ် စီမံခန့်ခွဲရေးကော်မတီဝင်
တစ်ဦးထံ ပေးအပ်သည်။
ဆက်လက်၍ နယ်စပ်ရေးရာဝန်ကြီးဌာနမှ
ထောက်ပံ့ပေးသည့် ဆိုလာပြား ၅၀ ကို ပြည်ထောင်စု ဝန်ကြီး ဦးသန့်စင်မောင်က လည်းကောင်း၊
စောင် ၂၅၀ ကို ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က လည်းကောင်း သက်ဆိုင်ရာ တာဝန်ရှိသူများထံ
ပေးအပ်သည်။
အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရိပ်သာ၌
ဒုတိယသမ္မတအား ပြည်နယ် စည်ပင် သာယာရေး ဝန်ကြီးနှင့် တာဝန်ရှိသူများက ကုလားတန်မြစ် အနောက်ဖက်ကမ်းမှ
စတင်ဖောက်လုပ်မည့် ပလက်ဝ-မီးဇာ-ရှင်းလက်ဝ ကားလမ်း လမ်းအူကြောင်း ရွေးချယ်ထားမှု အခြေအနေများကို
ရှင်းလင်းတင်ပြကြသည်။
ထိုမှတစ်ဆင့် ဒုတိယသမ္မတသည် ကုလားတန်မြစ်ကြောင်း
ဘက်စုံသုံး ဖြတ်သန်း သယ်ယူ ပို့ဆောင်ရေး စီမံကိန်း၌ ပါဝင်သည့် ပလက်ဝ ဆိပ်ခံတံတားသို့
ရောက်ရှိပြီး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီး ဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ
တာဝန်ရှိသူများက စီမံကိန်း ဆောင်ရွက်နေ မှုများကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီး
ဦးသန့်စင်မောင် က ဖြည့်စွက် ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ဒုတိယသမ္မတသည် ပလက်ဝဆိပ်ကမ်းအတွင်းရှိ
သိုလှောင်ရုံ၊ ဆိပ်ခံတံတားနှင့် ကုန်ပစ္စည်းတင်ချမည့် နေရာများကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့ဝင်များသည်
ကုလားတန်မြစ်ကူး (ပလက်ဝ) တံတား တည်ဆောက်ရန် ရွေးချယ်ထားသည့် မြေနေရာအား သွားရောက်ကြည့်ရှု
စစ်ဆေးပြီး တံတား တည်ဆောက်ရေး တာဝန်ခံများက တံတား တည်ဆောက်ရန် နေရာရွေးချယ် ဆောင်ရွက်ခဲ့မှုနှင့်
စီမံကိန်း စတင် ဆောင်ရွက်နိုင်မည့် အခြေအနေတို့ကို ရှင်းလင်း တင်ပြကြရာ ပြည်ထောင်စု
ဝန်ကြီး ဦးဝင်းခိုင်က ဖြည့်စွက်ရှင်းလင်း တင်ပြသည်။
ပလက်ဝမြို့သည် ကုလားတန်မြစ်၏ အနောက်ဘက်ကမ်းတွင်
တည်ရှိသဖြင့် ကားများမြို့တွင်း သို့ တိုက်ရိုက်သွားလာနိုင်ခြင်း မရှိသည့်အတွက် ကုလားတန်မြစ်
ကူး တံတားတစ်စင်း တည်ဆောက်ရန် လိုအပ်လျက် ရှိသဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ချင်းပြည်နယ်အစိုးရ
အဖွဲ့တို့ ညှိနှိုင်း၍ ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်တွင် စတင်ဆောက် လုပ်သွား မည် ဖြစ်သည်။
ကုလားတန်မြစ်ကူး(ပလက်ဝ) တံတားတည်ဆောက်ရေးအတွက်
ငွေကျပ် ၁၀ ဒသမ ၅ ဘီလီယံခန့် ကုန်ကျမည်ဟု ခန့်မှန်းထားပြီး ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်မှ စတင်၍
ပြည်ထောင်စု ရန်ပုံငွေမှ ငွေကျပ် တစ်ဘီလီယံ၊ ချင်းပြည်နယ်အစိုးရ ရန်ပုံငွေမှ ငွေကျပ်
၂ ဒသမ ၅ ဘီလီယံဖြင့် တည်ဆောက်သွားမည်ဖြစ်ပြီး တည်ဆောက်ရေး လုပ်ငန်းများကို ၃ နှစ်အတွင်း
အပြီးတည်ဆောက်ရန် လျာထားကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံပွဲများတွင် ဒုတိယသမ္မတက
ယခုကဲ့သို့ နိုင်ငံတော်မှ ကုလားတန် မြစ်ကူး တံတားစီမံကိန်းနှင့် ကုလားတန်မြစ်ဝှမ်းဘက်စုံ
စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ပေးခြင်း အားဖြင့် ဒေသခံပြည်သူများအနေဖြင့် အလုပ်အကိုင်
အခွင့်အလမ်းများ ရရှိနိုင် ပါကြောင်း၊ စီမံကိန်းကြီးများ ပြီးမြောက် အကောင်အထည် ဖော်ပြီးပါကလည်း
ထုတ်လုပ်ထားသည့် ဒေသထွက်ကုန် ပစ္စည်းများ လွယ်ကူ လျင်မြန်စွာ သယ်ယူနိုင်မှာဖြစ်သလို
ဒေသခံပြည်သူတို့၏ လူမှုစီးပွားဘဝ များသည်လည်း ဖွံ့ဖြိုးတိုးတက် မြင့်မားလာမည် ဖြစ်ကြောင်း၊
ယင်းသို့ ရရှိလာမည့် အခွင့်အလမ်းများကို အသုံးချနိုင်ရန် မိမိဒေသ ရေမြေသဘာဝနှင့် ကိုက်ညီ
သင့်လျော်သော စိုက်ပျိုးမွေးမြူရေး ထွက်ကုန်များကို စီးပွားဖြစ် ထုတ်လုပ်နိုင်ရေး ယခုအချိန်ကတည်းကစ၍
ကြိုတင်ပြင်ဆင် စီမံထားကြစေလိုကြောင်း။
နိုင်ငံဖွံ့ဖြိုးရေး လုပ်ငန်းများ
ဆောင်ရွက်ရာတွင် တည်ငြိမ်အေးချမ်းရေးသည် အရေးကြီးပါ ကြောင်း၊ နိုင်ငံတည်ငြိမ် အေးချမ်းမှုရှိရန်
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဦးဆောင်ပြီး (၂၁) ရာစုပင်လုံ ငြိမ်းချမ်းရေး ညီလာခံကို
ကျင်းပကာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင် ရွက်နေ ပါကြောင်း၊
ဒေသခံပြည်သူများ အနေဖြင့်လည်း နိုင်ငံဖွံ့ဖြိုးရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ
အရှိန်အဟုန် ကောင်းကောင်းဖြင့် ဆောင်ရွက်နိုင်ရန် ဒေသအတွင်း တည်ငြိမ် အေးချမ်းမှုရှိအောင်
ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း မှာကြားပြီး တွေ့ဆုံပွဲသို့ တက်ရောက်
လာကြသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။


No comments:
Post a Comment