Friday, March 24, 2017

မြန်မာ- စင်္ကာပူ ပြည်ဝင်ဗီဇာလွယ်ကူအဆင်ပြေစေရေးနှင့် ပြည်ဝင်ဗီဇာကင်းလွတ်ခွင့် သဘောတူညီချက် ကိစ္စရပ် များ ဆွေးနွေး


နေပြည်တော်၊ မတ် ၂၄
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ စင်္ကာပူနိုင်ငံ သံအမတ်ကြီး Mr. Robert Chua နှင့်အဖွဲ့အား မတ် (၂၄) ရက် ယနေ့ နံနက်(၁၁)နာရီခွဲတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာ-စင်္ကာပူနှစ်နိုင်ငံ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်းများ ပူးပေါင်းဆောင်ရွက် ရေးနှင့် နည်းပညာဆိုင်ရာပံ့ပိုးကူညီရေး၊ နှစ်နိုင်ငံအကြား ပြည်ဝင်ဗီဇာလွယ်ကူ အဆင်ပြေစေရေးနှင့် ပြည်ဝင်ဗီဇာကင်း လွတ်ခွင့် သဘောတူညီချက်ဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment