နေပြည်တော် မတ် ၃
ကချင်ပြည်နယ်
အတွင်း ကယ်ဆယ်ရေး စခန်းများတွင် ခေတ္တပြောင်းရွှေ့ နေထိုင်သူများ အတွက် လတ်တလော စားနပ်ရိက္ခာ
ထောက်ပံ့ခြင်းနှင့် ကယ်ဆယ်ရေး စခန်းများတွင် နေထိုင်စဉ် ကာလအတွင်း အသက်မွေး ဝမ်းကျောင်း
လုပ်ငန်းများ တတ်ကျွမ်းစေရန် အတွက် လိုအပ်သော အကူအညီများ ပေးနိုင်ရန် လူမှုဝန်ထမ်း၊
ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည်
ကချင်ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာ သင်းလွင်နှင့် အတူ ယနေ့တွင် မြစ်ကြီးနား မြို့နယ်နှင့်
ဝိုင်းမော်မြို့နယ် တို့တွင် ရှိသော ဂျာမိုင်ကောင်း KBC ၊ မန်ခိန် KBC ၊ နန့်ကွေ့စိန်ယောဟန်၊
လယ်ကုန်းဇီးအုန်၊ လယ်ကုန်းဗက်လင်၊ တပ်ကုန်း စံပြနှစ်ခြင်း၊ မန်ခိန် KBC ၊ မိုင်းနား ဖွံ့ဖြိုးရေးဇုန်၊ မိုင်းနား စိန့်ဂျိုးဇက်၊
ခတ်ချို၊ သာဂရ သရက်တော စခန်းများရှိ နယ်မြေ လုံခြုံရေး အခြေအနေအရ ကယ်ဆယ်ရေး စခန်းများတွင်
ခေတ္တပြောင်းရွှေ့ နေထိုင်သူများ ထံသို့ သွားရောက် တွေ့ဆုံ အားပေးပြီး နိုင်ငံတော် အတိုင်ပင်ခံရုံး
ဝန်ကြီးဌာနမှ လှူဒါန်းသော ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးသေတ္တာ ရိက္ခာများကို ပြည်သူများ လက်ဝယ်
အရောက် ပေးအပ် ထောက်ပံ့ခဲ့သည်။
ခရီးစဉ်အတွင်း
မြစ်ကြီးနားမြို့နယ်၊ လယ်ကုန်း ရပ်ကွက်ရှိ မူးယစ်ဆေး ဖြတ်ပြီးသူများ ပြန်လည် ထူထောင်ရေး
စခန်းသို့ ရောက်ရှိပြီး သင်တန်းသားများ အတွက် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ စနစ်တကျ
စီစဉ်ဆောင်ရွက်ရန် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်း ဆွေးနွေးခဲ့သည်။ သင်တန်းသားများ
အတွက် တစ်ဦးချင်း ဆန္ဒအရ အသက်မွေး ဝမ်းကြောင်း လုပ်ငန်းများ သင်ယူမှုနှင့် အကောင်အထည်ဖော်ဆောင်ရွက်ရေး
အသေးစိတ် ညှိနှိုင်း ဆောင်ရွက်ပေးသည်။
(သတင်းစဉ်)

No comments:
Post a Comment