မန္တလေး၊ မတ် ၃
တက္ကသိုလ်ဝင်တန်းစာမေးပွဲကာလလုံခြုံရေးနှင့်
မြို့နယ်အတွင်းမီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မန္တလေးမြို့၊
ပြည်ကြီးတံခွန်မြို့နယ်ရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ယနေ့ နံနက်
၁၁ နာရီက ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပြည်ကြီးတံခွန်မြို့နယ်အုပ်ချုပ်ရေးမှူး
ဦးဘုန်းထက်နိုင်မြင့်က အမှာစကားပြောကြားရာတွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြမည့် ကျောင်းသား/သူများ
အဆင်ပြေစိတ်ချမ်းမြေ့စွာ ဖြေဆိုနိုင်ရေး သက်ဆိုင်ရာ ဌာနဆိုင်ရာများအနေဖြင့် လုံခြုံရေး
ကြီးကြပ်ဆောင်ရွက်ရန် အခြေအနေများ၊ ပူပြင်းခြောက်သွေ့သော နွေရာသီရောက်ရှိလာ၍ မီးဘေးအန္တရာယ်
ကာကွယ်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။ အဆိုပါရှင်းလင်းမှုများနှင့်ပတ်သက်၍
သက်ဆိုင်ရာ ကဏ္ဍအလိုက် တာဝန်ရှိသူများ ပြန်လည်ဆွေးနွေး ပြောကြားသည်။
အဆိုပါညှိနှိုင်းအစည်းအဝေးသို့
မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊
မြို့နယ်အတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ကြက်ခြေနီ၊မီးသတ်တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့
ကြောင်းသိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)
No comments:
Post a Comment