သတင်း-မင်းသစ်
ဓာတ်ပုံ-ရဲထွဋ်
ရန်ကုန် မတ် ၎
ဘုရင့်နောင်ဈေးသာယာရေးအဖွဲ့၏
(၁၅) ကြိမ်မြောက် ဘုရင့်နောင် ဈေးသူဈေးသားများစုပေါင်း သွေးလှူဒါန်းပွဲကို ယနေ့နံနက်
၉ နာရီတွင် ရန်ကုန်မြို့ အင်းစိန်မြို့ နယ် ဘုရင့်နောင်ဈေးဝင်းအတွင်း၌ ကျင်းပသည်။
စုပေါင်းသွေးလှူဒါန်းပွဲတွင်
ဘုရင့်နောင်ဈေးမိဈေးဖတစ်ဦးဖြစ်သူ တက်လူ စက်ယန္တရား အပိုပစ္စည်းရောင်းဝယ်ရေးမှ ဦးခင်မောင်လွင်၊
ဘုရင့်နောင်ဈေး သာယာရေးအဖွဲ့ ဥက္ကဌဦးမြင့်ထွန်း၊ ဈေးတာဝန်ခံ ဦးဝင်းမြင့် တို့ကအမှာစကား
ပြော ကြားကြပြီး အမျိုးသားသွေးဌာနမှ ဒုတိယညွန်ကြားရေးမှုး ဒေါက်တာ သန်းအောင်ထွန်းက
သွေးနှင့်ပတ်သက်သော အကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ဘုရင့်နောင်ဈေးသာယာရေးအဖွဲ့က
အမျိုးသားသွေးဌာန ဒုတိယ ညွန်ကြားရေးမှုး ဒေါက်တာ သန်းအောင်ထွန်း အား ဘုရင့်နောင်ဈေးသူဈေးသားများ
စုပေါင်းလှူဒါန်းသည့် ငွေကျပ် ၂၅သိန်းကျော်ကို ပေးအပ်လှူဒါန်း သည်။
စုပေါင်းသွေး လှူဒါန်းရခြင်းနှင့်
စပ်လျဉ်းပြီးဘုရင့်နောင်ဈေးမိဈေးဖ တက်လူ စက်ယန္တရား အပိုပစ္စည်းရောင်းဝယ်ရေးမှ ဦးခင်မောင်လွင်က
"ဝေဒနာရောဂါ ဖြစ်နေတဲ့လူတွေအတွက် အစားထိုးလို့မရတဲ့ သွေးကိုလှူဒါန်းတာဖြစ်တဲ့အတွက်
ပီတီဖြစ်မိတယ်။ ဈေးအနေနဲ့လည်းတစ်နှစ်ကို နှစ်ကြိမ်လောက် သွေးလှူဒါန်းဖို့ရှိပါတယ်"
ဟုပြောသည်။
"တကယ်သွေးလိုအပ်နေတဲ့
သူတွေအတွက် လာလှူတာပါ။အရင်ကလည်း ၅ ကြိမ်လှူဘူးတယ်။ ဈေးအနေနဲ့ သွေးလှူဒါန်းပွဲကိုနှစ်စဉ်ပြုလုပ်
ပေးစေချင်တယ်။ တကယ်သွေးလိုအပ်နေတဲ့ လူနာတွေအတွက်ပါ"ဟု စုပေါင်းသွေး လှူဒါန်းပွဲသို့
သွေးလာ ရောက်လှူဒါန်းသည့် အောင်လွင်ထွန်းတာယာဆိုင်မှ မလွင်လွင်အေးကပြော သည်။
ဘုရင့်နောင်ဈေးသူဈေးသားများ
စုပေါင်းသွေးလှူဒါန်းပွဲကို ၂၀၀၄ ခုနှစ်မှစတင်ခဲ့ပြီး ၂၀၁၂ ခုနှစ်ထိ နှစ်စဉ်စုပေါင်း
သွေးလှူဒါန်းခြင်းများ ပြုလုပ်ခဲ့ပြီးအမျိုးသားသွေးဌာနသို့ သွေးအိတ်ပေါင်း ၄၂၀၀ ကျော်နှင့်
ငွေကျပ်သိန်း ၂၆၀ကျော် လှူဒါန်းခဲ့ကြောင်း ၂၀၁၂ ခုနှစ် နောက်ပိုင်း စုပေါင်းသွေး လှူဒါန်းမှု
ရပ်နားခဲ့ပြီးယခုနှစ်မှ စတင်ကာ သွေးလှူဒါန်းပွဲကို ပြန်လည်ပြုလုပ်ခြင်းဖြစ်ကြောင်း
ဘုရင့်နောင်ဈေးသာယာရေးအဖွဲ့က သိရသည်။

No comments:
Post a Comment