ရန်ကုန် မတ် ၎
ပညာရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် မတ် ၃ ရက် နံနက်က ရန်ကုန်တိုင်းဒေသကြီး
ဒဂုံမြို့နယ်ရှိ PARKROYAL Hotel, YADANAR-1 ခန်းမ၌ ကျင်းပသော Teacher
Competency Standards Framework (TCSF) အလုပ်ရုံ ဆွေးနွေးပွဲသို့တက်ရောက်အမှာစကား ပြောကြားသည်။
ဆွေးနွေးပွဲသို့ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် (အငြိမ်းစား) ဦးဇော်ဌေး၊
ရန်ကုန်ပညာရေးတက္ကသိုလ် ပါမောက္ခချုပ် (အငြိမ်းစား) ဒေါက်တာ အောင်မင်း၊ ရန်ကုန်ပညာရေးတက္ကသိုလ်
တာဝန်ခံပါမောက္ခချုပ် ဒေါက်တာအေးအေးမြင့်နှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။
ရှေးဦးစွာ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရေးအဖွဲ့ဝင်
ဒေါက်တာအောင်မင်းက အလုပ်ရုံဆွေးနွေးပွဲတွင် ဆွေးနွေး ရရှိသည့်အချက်များပေါ်မူတည်၍ ထပ်မံဖြည့်စွက်ရမည့်
အချက်များကို ရှင်းလင်းတင်ပြပြီးနောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး (TCSF)
တွင် ပါဝင်ဆွေးနွေးပေးကြသော လုပ်ငန်းအကောင်အထည် ဖော်ရေးအဖွဲ့ဝင်များ မိတ်ဖက် အဖွဲ့အစည်းအားလုံးနှင့်
တာဝန်ရှိသူများကို ကျေးဇူးတင်ရှိ ပါကြောင်းနှင့် ယခုဆွေးနွေးပွဲတွင် ရရှိလာသောအချက်အလက်
များသည် ပညာရေးပြုပြင် ပြောင်းလဲမှုပြုလုပ်ရာတွင် များစွာအထောက်အကူပြုနိုင်မည်ဟု ယုံကြည်ပါကြောင်းစသည်ဖြင့်
ပြောကြားခဲ့သည်။ ထို့နောက် မိတ်ဖက်အဖွဲ့အစည်းမှ တာဝန်ရှိသူတစ်ဦးက(TCSF) ဆွေးနွေးပွဲ
တွင် ဆွေးနွေးရရှိပါသည့် အချက်အလက်များနှင့် ရှေ့ဆက်ဆောင်ရွက်ရန်ရှိသည်များကိုပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည်
ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်နှင့် ရန်ကုန် အနောက်ပိုင်းနည်းပညာတက္ကသိုလ် များသို့ ဆက်လက်သွားရောက်ခဲ့ပြီး
ပညာရေးမိသားစုများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံသည်။ တက္ကသိုလ်များမှ ပါမောက္ခချုပ် နှင့်
ဒုတိယပါမောက္ခချုပ်တို့က တက္ကသိုလ်ဝန်းကျင်တည်ဆောက်ရေးလုပ်ငန်းများ ပညာရေးနှင့်ပတ်သက်၍
သင်ကြားရေး အစီ အစဉ်များ၊ သင်ကြားသင်ယူမှု အရည်အသွေးမြင့်မားရေးအခြေအနေများ သုတေသနလုပ်ငန်းနှင့်
သုတေသန စာတမ်းပြုစု ဆောင်ရွက်နေမှုများ၊ သင်ယူတတ်မြောက်မှု အရည်အသွေးမြင့်မားရေးနှင့်
အရည်အသွေးပြည့်ဝသောဘွဲ့ရ လူငယ်မောင်မယ်များ ပြုစုပျိုးထောင်သင်ကြား လေ့ကျင့်နေမှု အခြေအနေများ၊
သင်ထောက်ကူပစ္စည်းများ၊ စာကြည့်တိုက်၊ အိုင်စီတီ၊ ကျောင်းသားကျောင်းသူ အိပ်ဆောင်များ
ဆရာ ဆရာမ၀န်ထမ်းအိမ်ရာ လိုအပ်ချက်များတို့ ကိုရှင်းလင်းတင်ပြရာ အပ်သည်များကို ပြည်ထောင်စုဝန်ကြီးက
ရှင်းလင်းဖြေကြားသည်။ ထို့နောက်တွေ့ဆုံပွဲသို့ တက်ရောက်လာသော ပညာ ရေးမိသားစုများက သိရှိလိုသည်များကိုမေးမြန်းရာ
ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေး ခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:
Post a Comment