Saturday, March 4, 2017

သဘာဝဘေးကြောင့် သီးနှံများပျက်စီးမှုထောက်ပံ့ငွေပေးအပ်

ဗန်းမော် မတ် ၎
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ်တွင် သဘာဝဘေးကြောင့် လယ်စိုက်ပျိုးသီးနှံ ထိခိုက်ပျက်စီးမှုများအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ တောင်သူများထံသို့ ထောက်ပံ့ငွေများပေးအပ်ပွဲ အခမ်းအနားကို မတ် ၄ ရက် ညနေ ၄ နာရီက မန်စီမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနဝန်ကြီး ဦးမြသိန်းက အဖွင့် အမှာ စကားပြောကြားပြီး တောင်သူများထံသို့ ဝန်ကြီးနှင့် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးတူးမိုင်၊ ဗန်းမော်ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိန်မြင့်နှင့် တာဝန်ရှိသူများက ထောက်ပံ့ငွေများ ပေးအပ်ခဲ့ရာ တောင်သူများအားလုံး ကိုယ်စား တောင်သူတစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။     
အဆိုပါထောက်ပံ့ငွေပေးအပ်ပွဲတွင် သဘာဝဘေးကြောင့် ပျက်စီးဆုံးရှုံးခဲ့သော စိုက်ပျိုးမြေဧက (၃၉၆) ဧကအတွက် ထောက်ပံ့ငွေ (၃၉၆ဝဝဝဝိ/-) ကျပ် သုံးဆယ့်ကိုးသိန်းခြောက်သောင်းကို ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်                 

No comments:

Post a Comment