Monday, March 6, 2017

စွမ်းရည်မြှင့်သင်တန်း ၁/၂၀၁၇ စတင်ဖွင့်လှစ်


ရန်ကုန်  မတ်  ၆

ရန်ကုန်တိုင်းဒေသကြီး ပန်းဆိုးတန်းလမ်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန သင်တန်းကျောင်း တွင် ယနေနံနက် ၈နာရီအချိန်က စွမ်းရည်မြှင့်သင်တန်း ၁/၂၀၁၇ ကို စတင်ဖွင့်လှစ်ရာ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးမောင်ဖေ တက်ရောက် အမှာစကား ပြောကြားခဲ့သည်။ ပြောကြားရာတွင်ဌာန၏ ယခုလက်ရှိအောင်မြင် နေမှုအတိုင်းအတာနှင့် ပိုမိုအောင်မြင် လာစေရန် အချက် များအား သင်တန်းသား သင်တန်းသူများနှင့် အပြန်အလှန်   ဆွေးနွေးပြောကြားခဲ့သည်။

သင်တန်းသို့ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး - ပဲခူးတိုင်းဒေသကြီး- ဧရာဝတီတိုင်းဒေသကြီး - တနင်္သာရီတိုင်းဒေသကြီး - ရခိုင်ပြည်နယ်- မွန်ပြည်နယ်-ကရင်ပြည်နယ် တို့မှ သင်တန်းသား-၄ဦး-သင်တန်းသူ ၂၆ဦး တက်ရောက်ကြသည်။ သင်တန်းကာလမှာ မတ်လ ၆ ရက်နေ့မှ ၃၁ ရက် ရက်နေ့အထိဖြစ်ပြီး သင်တန်းတွင် ရုံးလုပ်ငန်းဘာသာရပ်-စာကြည့်တိုက်ဖွံဖြိုး တိုးတက်ရေး ဆိုင်ရာဘာ သာရပ်များ- အခြေခံ ပန်းချီရေးဆွဲနည်း- လူမှုမီဒီယာ-စာရင်းအင်း ပညာများ အပါအဝင် ဘာသာရပ် များစွာ ကို စုံစုံလင်လင်ပို့ချပေးသွားမည်ဖြစ်သည်။

တိုင်းဒေသကြီး (ပြန်/ဆက်)

No comments:

Post a Comment