Tuesday, March 7, 2017

ပြည်ထောင်စုတရားသူကြီးချုပ်၏ လမ်းညွှန်ချက်များ ထပ်ဆင့်ရှင်းလင်းပွဲကျင်းပ

မုံရွာ မတ် ၇
ပြည်ထောင်စုတရားသူကြီးချုပ်၏ လမ်းညွှန်ချက်များထပ်ဆင့်ရှင်းလင်းပွဲကို စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ စစ်ကိုင်းတိုင်း ဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်ရုံး  အစည်းအဝေးခန်းမတွင် မတ်လ(၄) ရက်နေ့နံနက်(၉)နာရီက ကျင်းပခဲ့ ကြောင်း သိရသည်။

ပြည်ထောင်စုတရားသူကြီးချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး၊ ပြည်နယ် တရားရေးဦးစီးမှူးများ၊ ခရိုင်တရားသူကြီးများအား (၁၂)ကြိမ်မြောက်အဖြစ် ကျင်းပသည့် လုပ်ငန်းညှိနှိုင်းအစည်းဝေးတွင် ပြည်ထောင်စုတရားသူကြီးချုပ်၏ လမ်းညွှန်ချက်များကို စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ တရားလွှတ်တော်တရားသူကြီးများ၊ ခရိုင်/မြို့နယ်တရားသူကြီးများအား ထပ်ဆင့် ရှင်းလင်းခြင်းဖြစ်ကြောင်း သိရသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးတရားသကြီးချုပ် ဦးဝင်းမြင့်က အမှာစကားပြောကြားကာ ပြည်ထောင်စုတရားသူကြီးချုပ်၏ လမ်ညွှန်ချက်များကို ထပ်ဆင့်ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီးတရား လွှတ်တော်တရားသူကြီး ဦးမျိုးမောင်နှင့် ဒေါ်ချယ်ရီကြည်တို့က တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်များကို လည်းကောင်း၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူး ဒေါ်စုစုဝင်းက ဝန်ထမ်းရေးရာကိစ္စရပ်များနှင့် ရုံးလုပ်ငန်း ကိစ္စရပ်များကိုလည်းကောင်း ရှင်းလင်းဆွေးနွေးကြသည်။
ထို့နောက် ပြည်ထောင်စုတရားသူကြီးချုပ် ထပ်ဆင့်ရှင်းလင်းပွဲအခမ်းအနားသို့ တက်ရောက်လာသော ခရိုင်၊ မြို့နယ် တရားသူကြီးများက တရားစီရင်ရေးနှင့်ရုံးလုပ်ငန်း အခြေအနေများကို ဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့် တိုင်းဒေသကြီးတရားရေးဦးစီးမှူးတို့က ပြန်လည်ရှင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

မင်းဝေ(မုံရွာ)

No comments:

Post a Comment