ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ဗန်းမော်နည်းပညာတက္ကသိုလ်၏ တက္ကသိုလ်သွေးလှူရှင်အသင်းမှ
ကျင်းပသည့် သွေးလှူခြင်းအကြောင်း အသိပညာပေးဟောပြောပွဲနှင့် သွေးလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းများ
ပေးအပ်ခြင်း အခမ်းအနားကို ဖေဖော်ဝါရီ ၂၈ ရက် နံနက် ၉ နာရီက နည်းပညာတက္ကသိုလ်
ASSEMBLY HALL ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ဒုတိယကျောင်းအုပ်ကြီး ဒေါက်တာတိုက်စစ်က
အဖွင့်အမှာစကားပြောကြားပြီး ဗန်းမ်ာနည်းပညာ တက္ကသိုလ် သွေးလှူရှင်အသင်းဥက္ကဌ ကိုတင်စိုးက
ကျေးဇူးတင်စကားပြောကြားသည်။ ယင်းနောက် ဗန်းမော်ပြည်သူ့ဆေးရုံကြီးမှ ဓာတ်ခွဲမှူး ဒေါ်ကေခိုင်စိုးက
သွေးလှူဒါန်းခြင်းနှင့်ကျန်းမာရေး အကြောင်းဖြင့် အသိပညာပေးဟောပြောပြီး ဗန်းမော်သွေးလှူရှင်အဖွဲ့ဥက္ကဌ
ဆရာဦးကျော်သူရက စိတ်ကူးအိပ်မက်ထဲက စုပေါင်း သွေးလှူဒါန်းပွဲများ ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားခဲ့ကာ
နည်းပညာတက္ကသိုလ် မော်ကွန်းထိန်း ဦးညီညီဇော်က (၁ဝ)ကြိမ်နှင့် အထက် သွေးလှူရှင် ကျောင်းသားကျောင်းသူများ(၆)ဦးအား
လည်းကောင်း၊ နည်းပညာတက္ကသိုလ် သွေးလှူရှင်အသင်းဥက္ကဌ ကိုတင်စိုးက (၅)ကြိမ်နှင့်အထက် သွေးလှူရှင်
ကျောင်းသားကျောင်းသူများ(၂၅)ဦးအား လည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်၍
ကျောင်းအုပ်ကြီး ဒေါက်တာသန်းနိုင်ဝင်းက နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်းနှင့်
နည်းပညာတက္ကသိုလ် သွေးလှူရှင်အသင်းအား ငွေကျပ်(၁)သိန်း လှူဒါန်းခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)
No comments:
Post a Comment