နေပြည်တော် မတ် ၆
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်အား အာရှဖွံ့ဖြိုးရေးဘဏ် (ADB)၏ ဒုတိယဥက္ကဋ္ဌ
Mr.Stephen Groff နှင့်အဖွဲ့သည် ယနေ့ညနေ ၃ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု
ဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက်ဂါရ၀ပြု တွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံတွင်း လမ်းပန်းဆက်သွယ်မှုကောင်းမွန်ရေးနှင့်
လျှပ်စစ် ဓာတ်အားရရှိရေးအပါအ၀င် အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင်
အခွင့်အလမ်းများ ပိုမိုရရှိစေရေး၊ ဆင်းရဲ မှုလျှော့ချရေးနှင့် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးရေး
စသည့်ကဏ္ဍများတွင် မြန်မာနိုင်ငံနှင့် အာရှ ဖွံ့ဖြိုးရေး ဘဏ်တို့အကြား ပူးပေါင်းဆောင်
ရွက်သွားမည့် ကိစ္စရပ်များအပေါ် အမြင်ချင်း ဖလှယ် ဆွေးနွေးကြသည်။
(သတင်းစဉ်)

No comments:
Post a Comment