ရန်ကုန် မတ် ၆
ပြန်ကြားရေးဝန်ကြီးဌာန ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန
က စီစဉ်သည့် “လယ်ယာမြေ ရှုခင်းအလှ ” ရောင်စုံဓါတ်ပုံပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယနေ့နံနက်
၁၀နာရီ က ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာ ဟိုတယ်၌ ကျင်းပသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန
ညွှန်ကြားရေးမှူးချုပ်ဦးမောင်ဖေက ယနေ့ခေတ်မြန်မာ့ လယ်ယာမြေရှုခင်းအလှကို ခံစားနိုင်ရန်
၊ ဖော်ထုတ်ပြသခွင့်ရရန်၊ လယ်ယာမြေ ၏တန်ဖိုး ၊ချစ်စရာ မြတ်နိုး စရာ ကောင်းသည့် ကျေးလက်သဘာဝအလှကို
ခံစားနိုင်စေရန်ရည်ရွယ်၍ ပြန်ကြားရေးဝန်ကြီးဌာန က ယခုပြိုင်ပွဲကို ကျင်းပခြင်းဖြစ်ကြောင်း
၊ ပြိုင်ပွဲဝင်ဓါတ်ပုံများသည် ခေါင်းစဉ်နှင့်အညီ မြန်မာ့မြေရှုခင်းအလှကို ဖော်ထုတ် တင်ပြနိုင်ခဲ့ကြကြောင်း၊
ဓါတ်ပုံပညာရှင်များအနေဖြင့် မိမိတို့၏ ဓါတ်ပုံပညာရပ်များဖြင့် ရိုးရာ ယဉ်ကျေးမှု ဓလေ့များကို
ဖော်ထုတ်ပြသခြင်းဖြင့် နိုင်ငံအတွက်အကျိုးရလဒ်ကောင်းများ ရရှိလာ နိုင်မည်ဖြစ် ကြောင်း
ပြောကြား သည်။
ထို့နောက် ပြိုင်ပွဲဆု ရရှိသူများကို
ညွှန်ကြားရေးမှူးချုပ် ဦးမောင်ဖေ ၊ မြန်မာနိုင်ငံ စာရေးဆရာအသင်းဥက္ကဌ ဦးကျော်ဝင်း (မနုဿကျော်ဝင်း)နှင့်
မြန်မာနိုင်ငံ ဓါတ်ပုံအသင်းဥက္ကဌ ဦးဖေမြင့်ဦးတို့ က ဆုများ အသီးသီး ချီးမြှင့်သည်။
ယင်းနောက် မြန်မာနိုင်ငံ ဓါတ်ပုံအသင်း
ဥက္ကဌ က ဆုများရွေးချယ် ဆောင်ရွက်မှုနှင့်ပတ်သက်၍
ရှင်းလင်း တင်ပြကာ ဆုရရှိသူများကိုယ်စား ဓါတ်ပုံပထမဆုရရှိသူ ရဲလင်းထွန်း(လှသရဖူ)က ကျေးဇူးတင်စကား
ပြောကြားသည်။
လယ်ယာမြေရှုခင်းအလှ ဓါတ်ပုံပြိုင်ပွဲတွင်
ရဲလင်းထွန်း(လှသရဖူ) ကပထမဆု ၊ ကိုကိုဆန်း က ဒုတိယဆု နှင့်မင်းမင်းထွန်း က တတိယဆုတို့ရရှိကြပြီး အထူးဆုများအဖြစ်
ရန်မျိုးအောင် (T. G.I) ၊ ခန့်ဇော်၊ ကိုကိုဇော်၊
ဌေးဝင်း(ရမ္မာဝတီ)နှင့် ပြည့်စုံ (နန်းတော်ရှေ့)တို့က အသီးသီးရရှိကြကြောင်းသိရသည်။
ယခုကျင်းပသည့် ဓါတ်ပုံပြိုင်ပွဲကို မြန်မာနိုင်ငံအရပ်ရပ်မှ
ဓါတ်ပုံပညာရှင် ၊ ဓါတ်ပုံဝါသနာရှင် ၂၀၉ ဦးက ပြိုင်ပွဲဝင် ဓါတ်ပုံ ပေါင်း ၈၉၆ပုံ ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်းနှင့်
ဓါတ်ပုံများကို ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန ကထုတ်ဝေသည့် ဒို့ကျေးရွာစာစောင်တွင်
ထည့်သွင်း ဖော်ပြသွားမည်ဖြစ်ကြောင်း သိရ သည်။
သတင်း -မြတ်စန္ဒီ၊ ဓါတ်ပုံ-ရဲထွဋ်

No comments:
Post a Comment