နေပြည်တော် ဖေဖော်ဝါရီ ၁
ပြည်သူ့လွှတ်တော်၊
ကျန်းမာရေးနှင့် အားကစားဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဒေါက်တာစံရွှေဝင်းသည် UNESCO
အဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံရေးရာ ဆောင်အမှတ်
(I-13) အစည်း အဝေးခန်းမ၌ တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ်
UNESCO မှ သတင်းမီဒီယာ ယဉ်ကျေးမှုသိပ္ပံနှင့် ဇီဝကျင့်ဝတ်ဆိုင်ရာများတွင် အကူအညီပေးလျက်ရှိရာ
မြန်မာနိုင်ငံတွင် သတင်းမီဒီယာနှင့် ယဉ်ကျေးမှုကဏ္ဍများတွင် နည်းပညာပံ့ပိုးထောက်ပံ့မှုများ
ပြုလုပ်ပေးလျက်ရှိပြီး ယခုအခါ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ရုပ်သံလွှင့်ဥပဒေနှင့်
သတင်းအချက်အလက် နည်းပညာ ဖွံ့ဖြိုးတိုးတက် ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်းနှင့် အဆိုပါကိစ္စရပ်များနှင့်
စပ်လျဉ်းပြီး အခြေခံလိုက်နာရမည့် စည်းမျဉ်းများအား လွှတ်တော်အနေဖြင့် အကြံပြုဆွေးနွေးလိုသည့်
ကိစ္စရပ်များကို ဆက်လက်ကျင်းပသွားမည့် ဆွေးနွေးပွဲများတွင် တက်ရောက်နိုင်ရေးဆိုင်ရာ
ကိစ္စရပ်များနှင့် စပ်လျဉ်းပြီး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
(သတင်းစဉ်)

No comments:
Post a Comment