Wednesday, February 1, 2017

အပြည်ပြည်ဆိုင်ရာ စာချုပ်နှင့်စပ်လျဉ်းသည့် အလုပ်ရုံဆွေးနွေးပွဲကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၁
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အရပ်ဘက်နှင့် နိုင်ငံရေး အခွင့်အရေးများဆိုင်ရာ ဗဟိုဌာန (Centre for Civil and Political Rights- CCPR) တို့ ပူပေါင်း၍ အရပ်ဘက်နှင့် နိုင်ငံရေး အခွင့်အရေးများ ဆိုင်ရာ အပြည်ပြည်ဆိုင်ရာစာချုပ်နှင့် စပ်လျဉ်းသည့် အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို ယနေ့နံနက် ၉ နာရီက နေပြည်တော် ရှိ Hilton Hotel ၌ ကျင်းပသည်။

ဆွေးနွေးပွဲသို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေး ၀န်ကြီးဌာန၊ နိုင်ငံတော်အတိုင်ပင်ခံရုံး ၀န်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ တိုင်းရင်းသား လူမျိုးများရေးရာ ၀န်ကြီးဌာနနှင့် ပြည်ထောင်စု ရှေ့နေချုပ်ရုံးတို့မှ ဘာသာရပ်ဆိုင်ရာအရာရှိများနှင့် ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်နှင့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
ဆွေးနွေးပွဲတွင် ကုလသမဂ္ဂလူ့အခွင့်အရေးကော်မတီအဖွဲ့ဟောင်း Mr. Krister Thelin က စာချုပ်တွင်ပါဝင်သော တာဝန် ၀တ္တရားများနှင့် စပ်လျဉ်းသည့် ၎င်း၏အတွေ့ အကြုံများနှင့် ဗဟုသုတများအား တက်ရောက်လာကြသည့် ကိုယ်စားလှယ် များနှင့် အပြန်အလှန်ဆွေးနွေး ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

No comments:

Post a Comment