Wednesday, February 1, 2017

ဂျာမနီနိုင်ငံဆိုင်ရာ မြန်မာသံရုံးက (၆၉)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားကျင်းပ

ဂျာမနီနိုင်ငံ၊ ဘာလင်မြို့ရှိ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သံရုံးသည် (၆၉) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်း အမှတ်ဧည့်ခံပွဲအခမ်းအနားအား ၃၀-၁-၂၀၁၇ ရက်နေ့တွင် ဘာလင်မြို့ရှိ Maritim Hotel တွင် ကျင်းပခဲ့ပါသည်။

အခမ်းအနားတွင် ဂျာမနီနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဒေါ်ယဉ်ယဉ်မြင့်နှင့် အထူးဧည့်သည်တော်ဖြစ်သည့် ဂျာမန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှ၊ အာဖရိက၊ လက်တင်အမေရိကနှင့် အရှေ့အလယ်ပိုင်းဌာန အကြီးအကဲ H.E. Amb. Sabine Sparwasser တို့က မိန့်ခွန်းအသီးသီး ပြောကြားခဲ့ကြပါသည်။
အခမ်းအနားသို့ ဂျာမနီနိုင်ငံဆိုင်ရာ သံတမန်များအဖွဲ့ နာယကဖြစ်သူ Holy See နိုင်ငံ သံအမတ်ကြီး Archbishop Dr. Nikola Eterovic ၊ ဂျာမနီဖက်ဒရယ်သမ္မတနိုင်ငံ၊ သမ္မတ၏ နိုင်ငံခြားရေးရာမူဝါဒဆိုင်ရာ ဒုတိယအကြံပေးပုဂ္ဂိုလ် Dr. Klaus Vietze ၊ ဂျာမန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုဝန်ကြီးဌာန၊ စီးပွားရေးနှင့် စွမ်းအင် ဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနတို့မှ အဆင့်မြင့်အရာရှိကြီးများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ဘာလင်မြို့အခြေစိုက်နိုင်ငံခြားသံရုံးတို့မှ သံအမတ်ကြီးများ၊ ဒုတိယသံရုံးအကြီးအကဲများနှင့် သံတမန်များ၊ စီးပွားရေး၊ သတင်းမီဒီယာနှင့် လူမှုရေးအဖွဲ့အစည်းများ၊ မြန်မာသံရုံးမိသားစုများ၊ မြန်မာစစ်သံမှူးနှင့် စစ်သံရုံးမိသားစုများ၊ မြန်မာ ဂုဏ်ထူးဆောင် ကောင်စစ်ဝန်များနှင့် မြန်မာအသိုက်အဝန်းမှ ဧည့်သည်တော်များအပါအဝင် ဧည့်သည်တော်(၁၂၀)ဦး တက်ရောက်ခဲ့ကြပါသည်။
ဖျော်ဖြေမှုအစီအစဉ်များအဖြစ် မြန်မာနိုင်ငံ၏ သဘာဝရှုခင်းများကို ရိုက်ကူးထားသော ဗီဒီယိုပြသခြင်း၊ မြန်မာ့အက ပဒေသာများဖြင့် ဖျော်ဖြေခဲ့ကြပြီး၊ ဧည့်သည်များအား ဥရောပနှင့် မြန်မာ့ရိုးရာအစားအစာတို့ဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရှိရပါသည်။

သတင်းဓာတ်ပုံ
မြန်မာသံရုံး၊ ဘာလင်မြို့

No comments:

Post a Comment