Friday, February 24, 2017

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်းဥက္ကဋ္ဌ ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့နှင့် ဆွီဒင်နိုင်ငံ Riksdag လွှတ်တော်ဥက္ကဋ္ဌတို့အား သီးခြားစီလက်ခံတွေ့ဆုံ


နေပြည်တော် ဖေဖော်ဝါရီ ၂၄

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ရုရှား-မြန်မာချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အသင်းဥက္ကဋ္ဌ Mr. Mikhail A. Dmitriev ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီတွင် လည်းကောင်း၊ ဆွီဒင်နိုင်ငံ Riksdag လွှတ်တော်ဥက္ကဋ္ဌ H.E. Mr. Urban Ahlin အား မွန်းလွဲ ၃ နာရီတွင်လည်းကောင်း နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။


ရုရှား-မြန်မာချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်းဥက္ကဋ္ဌ ဦးဆောင် သည့် ကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံစဉ် မြန်မာ-ရုရှား နှစ်နိုင်ငံပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊ ဆွီဒင်နိုင်ငံ Riksdag လွှတ်တော်ဥက္ကဋ္ဌ နှင့်တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် အသွင် ကူးပြောင်းရေးလုပ်ငန်းစဉ်များ၊ မြန်မာ-ဆွီဒင် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင် ရွက်မှုတိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း ဆွေးနွေးခဲ့ကြသည်။ 

No comments:

Post a Comment