Friday, February 24, 2017

နိုင်ငံတော်သမ္မတ ဦးထင်ကျော် ဆွီဒင်နိုင်ငံလွှတ်တော်ဥက္ကဋ္ဌနှင့်အဖွဲ့အား လက်ခံတွေ့ဆုံ


နေပြည်တော် ဖေဖော်ဝါရီ  ၂၄

နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် ဆွီဒင်နိုင်ငံ Riksdag လွှတ်တော်ဥက္ကဋ္ဌ H.E. Mr. Urban Ahlin ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ညနေ ၄ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။


တွေ့ဆုံစဉ် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကဏ္ဍ ပိုမို တိုးမြှင့်ရေး၊ ဆွီဒင်နိုင်ငံနှင့် မြန်မာနိုင်ငံ သတ္တု၊ သစ်တောကဏ္ဍ အပါအ၀င် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ ဆွီဒင်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်းစဉ်နှင့် ဒီမိုကရေစီ နိုင်ငံတည်ဆောက်မှုကို ထောက်ခံအား ပေးကြောင်းနှင့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ကူညီပံ့ပိုးရေး ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်။


တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသား လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ တိုင်းရင်းသားလူမျိုးများရေးရာ ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

No comments:

Post a Comment