နေပြည်တော် ဖေဖော်ဝါရီ ၁
ပို့ဆောင်ရေးနှင့်
ဆက်သွယ်ရေးဝန်ကြီးဌာန၌ ဖေဖော်ဝါရီ (၁) ရက် နံနက်ပိုင်းတွင် ကျင်းပခဲ့သည့် Letter
of Cooperation for Transport Infrastructure Investment Planning: Strategic and
Transaction Advisory Services Support on Public-Private Partnerships လက်မှတ်ရေးထိုးပွဲသို့
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်နှင့်
အာရှဖွံ့ဖြိုးရေးဘဏ်၊ PPP Office ၏ အကြီးအကဲဖြစ်သူ Mr. Ryuichi Kaga တို့ တက်ရောက်ကြသည်။
အဆိုပါလက်မှတ်ရေးထိုးပွဲတွင်
ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ သယ်ယူပို့ဆောင်ရေးကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်စေရေးအတွက်
အမျိုးသားပို့ဆောင်ရေးပင်မစီမံကိန်းကို ဂျပန်နိုင်ငံ၏ အကူအညီဖြင့် ရေးဆွဲထားပြီးဖြစ်ကြောင်း၊
ပို့ဆောင်ရေးနည်းလမ်း အသီးသီးအတွက် မူဝါဒ၊ မဟာဗျူဟာများ ပြင်ဆင်ချမှတ်ရေးနှင့် ပြုပြင်ပြောင်းလဲရေးများ
ဆောင်ရွက် လျက်ရှိကြောင်း၊ PPP စီမံကိန်းများ ရေးဆွဲဖော်ထုတ်၍ သယ်ယူပို့ဆောင်ရေး အခြေခံ
အဆောက်အအုံ ဖွံ့ဖြိုးရေးကို ဆောင်ရွက်သွားနိုင်ရန် ကူညီပံ့ပိုးပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း
ပြောကြားခဲ့သည်။
အာရှဖွံ့ဖြိုးရေးဘဏ်၏
PPP ဌာနအကြီးအကဲဖြစ်သူ Mr. Ryuichi Kaga က PPP အစီအစဉ်သည် ရင်းနှီးမြှုပ်နှံမှု လိုအပ်
ချက်ကို ဖြည့်ဆည်းပေးနိုင်သဖြင့် အာရှဖွံ့ဖြိုးရေး ဘဏ်အနေဖြင့် ကျွမ်းကျင်မှုအကူအညီများကို
အတတ်နိုင်ဆုံး၊ အထိ ရောက်ဆုံး နည်းလမ်းများဖြင့် ပေးအပ်ကူညီသွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံ၏
ပို့ဆောင်ရေးအခြေခံ အဆောက်အအုံဖွံ့ဖြိုးရေးကို PPP အစီအစဉ်ဖြင့် ဆောင်ရွက်ရာ၌ လိုအပ်သော
အကြံပြုမှုများ ဆောင်ရွက်ပေးနိုင်ရန် Letter of Cooperation for Transport
Infrastructure Investment Planning: Strategic and Transaction Advisory Services
Support on Public-Private Partnerships ကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊
အမြဲတမ်းအတွင်းဝန် ဦးဝင်းခန့်နှင့် အာရှဖွံ့ဖြိုးရေးဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်
Mr. Winfried Wicklein တို့ လက်မှတ်ရေးထိုးသည်။
ထိုကဲ့သို့ လက်မှတ်ရေးထိုးနိုင်ခဲ့သည့်အတွက်
PPP အစီအစဉ်ဖြင့် ရင်းနှီးမြှုပ်နှံနိုင်မည့် စီမံကိန်းများ သတ်မှတ်ခြင်း၊ ဦးစားပေးအဆင့်သတ်မှတ်ခြင်း၊
အကောင်အထည်ဖော်မည့် စီမံကိန်းများ ဆန်ခါတင်စာရင်းသွင်းခြင်း၊ ကနဦးဖြစ်မြောက် နိုင်စွမ်းလေ့လာမှုများ
ဆောင်ရွက်ခြင်းတို့ကို တစ်နှစ်တာကာလအတွင်း အာရှဖွံ့ဖြိုးရေးဘဏ်မှ ကူညီဆောင်ရွက်ပေးသွား
မည် ဖြစ်ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:
Post a Comment