နေပြည်တော်၊ ဖေဖော်ဝါရီ ၁
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်
ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် ရန်ကုန်မြို့ရှိ ကုလသမဂ္ဂ
လူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) မှ ဌာနေကိုယ်စားလှယ် Ms. Janet E. Jackson အား ယနေ့ မွန်းလွဲ
(၃) နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ၂၀၁၄ ခုနှစ်
လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အချက်အလက်များ အဆင့်အလိုက် ထုတ်ပြန် ဆောင်ရွက်မှု၊
သန်းခေါင်စာရင်း အချက်အလက်များကို အခြေခံသည့် အသေးစိတ် လေ့လာဆန်းစစ်သည့် သုတေသန စာတမ်းများ
ရေးသားပြုစုထုတ်ပြန်မှုနှင့် မြို့နယ်အဆင့် အစီရင်ခံစာများ ရေးသားပြုစုထုတ်ပြန်နိုင်ရေး
ဆောင်ရွက်မှု၊ သန်းခေါင်စာရင်းမှရရှိသော လူမျိုးစာရင်း ထုတ်ပြန်နိုင်ရေးအတွက် လုပ်ငန်းများဆောင်ရွက်နေမှု
အခြေအနေ၊ လုပ်ငန်း ဆောင်ရွက်မှုများတွင် UNFPA မှ ပံ့ပိုးကူညီ ဆောင်ရွက်နိုင်ရေး အခြေအနေများနှင့်စပ်လျဉ်း၍
ဆွေးနွေးခဲ့ကြောင်း သတင်း ရရှိသည်။
(သတင်းစဉ်)

No comments:
Post a Comment