Wednesday, February 1, 2017

ဘာလင်-အာဆီယံကော်မတီဥက္ကဌတာဝန် လွှဲပြောင်းပေးအပ်ခြင်း

ဂျာမနီနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဒေါ်ယဉ်ယဉ်မြင့်သည် ဘာလင်-အာဆီယံကော်မတီ၏ အလှည့်ကျဥက္ကဌတာဝန်ကို ၂၀၁၆ခုနှစ်၊ သြဂုတ်လမှ ၂၀၁၇ခုနှစ်၊ ဇန်နဝါရီလအထိ (၆) လတာဝန်ယူဆောင်ရွက်ခဲ့ပြီး ၂၀၁၇ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ အလှည့်ကျဥက္ကဌတာဝန် ထမ်းဆောင်မည့် ဖိလစ်ပိုင်နိုင်ငံသံအမတ်ကြီး H.E. Mrs. Melita Sta. Maria-Thomeczek အား အလှည့်ကျဥက္ကဌတာဝန် လွှဲပြောင်းပေးအပ်သည့် အစည်းအဝေးကို ၂၆-၁-၂၀၁၇ ရက်နေ့တွင် မြန်မာသံရုံး၊ ဘာလင်မြို့အစည်းအဝေး ခန်းမ၌ ပြုလုပ်ခဲ့ပါသည်။

သံအမတ်ကြီးဒေါ်ယဉ်ယဉ်မြင့်အနေဖြင့် ဘာလင်-အာဆီယံကော်မတီ အလှည့်ကျဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်စဉ် အာဆီယံသံအမတ်ကြီးများ၏ ပူးပေါင်းပါဝင်မှုဖြင့် ဂျာမနီနိုင်ငံအတွင်း အာဆီယံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှုပုံရိပ် ကို မြှင့်တင်ပေးနိုင်ခဲ့ပြီး၊ အာဆီယံသံရုံးများအကြား ရင်းနှီးချစ်ကြည်မှု၊ ဂျာမန်အစိုးရနှင့် ပြည်သူများနှင့် ချစ်ကြည် နားလည်မှုတို့ တိုးမြှင့်အောင် ဆောင်ရွက်ပေးခဲ့ကြောင်း ဖော်ပြအပ်ပါသည်။
သတင်းဓာတ်ပုံ
မြန်မာသံရုံး၊ ဘာလင်မြို့

Ref; Ministry of Foreign Affairs Myanmar

No comments:

Post a Comment