Thursday, February 23, 2017

မိတ္ထီလာတွင် ပထမဆုံး Grand အဆင့်မြင့်ဒီဂျစ်တယ်ရုပ်ရှင်ရုံသစ် စတင်ဖွင့်လှစ်ပြသ

မိတ္ထီလာ ဖေဖော်ဝါရီ ၂၃
မိတ္ထီလာတွင် ပထမဆုံး Grand  အဆင့်မြင့်ဒီဂျစ်တယ်ရုပ်ရှင်ရုံသစ်အား ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်က ဖွင့်ပွဲ အခမ်းအနားကျင်းပပြီး စတင်ဖွင့်လှစ်ပြသကြောင်း သိရသည်။

အဆိုပါ Grand အဆင့်မြင့်ဒီဂျစ်တယ်ရုပ်ရှင်ရုံသစ်ဖွင့်ပွဲအခမ်းအနားတွင် ခရိုင်အုပ်ချုပ်ရေးမှူးဦးတင့်ဝေသုံက အဖွင့်အမှာ စကားပြောကြားပြီး ရုပ်ရှင်ရုံပိုင်ရှင် ဦးစိုးအောင် က ကျေးဇူးတင်စကားပြောကြားသည်။
ဆက်လက်၍ အဆင့်မြင့်ဒီဂျစ်တယ်ရုပ်ရှင်ရုံသစ်အား ခရိုင်အုပ်ချုပ်ရေးမှူးဦးတင့်ဝေသုံ၊ ရန်ကုန်မြို့ Grand ရုပ်ရှင်ရုံပိုင်ရှင်ဦးထွန်းဝင်း၊ မိတ္ထီလာ Grand အဆင့်မြင့်ဒီဂျစ်တယ်ရုပ်ရှင်ရုံပိုင်ရှင် ဦးစိုးအောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
မိတ္ထီလာ Grand အဆင့်မြင့်ဒီဂျစ်တယ်ရုပ်ရှင်ရုံသစ်ဖွင့်ပွဲသို့ တက်ရောက်လာသူများအား ရုပ်ရှင်သရုပ်ဆောင် မြင့်မြတ် ၊ ကျော်ကျော်ဗိုလ် ၊ သဉ္ဇာဝင့်ကျော်  နှင့် သရုပ်ဆောင်များစွာ ပါဝင်သရုပ်ဆောင်ထားသည့် မင်းလည်းဘိုကေ ငါလည်းဘိုကေ ဇာတ်ကားဖြင့် ဖွင့်ပွဲအထိမ်းအမှတ်ပြသသည်။
အဆိုပါ အဆင့်မြင့်ဒီဂျစ်တယ်ရုပ်ရှင်ရုံသစ်တွင် ပွဲစဉ် ပြသချိန် နံနက် ၁၁ နာရီ ၊နေ့လည် ၂ နာရီ ၊ ညနေ ၅ နာရီ ၊ ည ၈ နာရီ ပွဲစဉ် ၄ ပွဲ ပြသွားမည်ဖြစ်ကြောင်း သိရသည်။
မိတ္ထီလာတွင်သုံးနှစ်ကျော်ကာလအတွင်း အများပြည်သူအပန်းဖြေကြည့်ရှု့နိုင်သည့် ပထမဆုံးအဆင့်မြင့် ဒီဂျစ်တယ် ရုပ်ရှင်အဖြစ် ပြန်လည်ဖွင့်လှစ်ပြသည့် Grand ရုပ်ရှင်ရုံသစ်တွင် ပရိတ်သတ် ၂၄၆ ဦး တပြိုင်နက်ကြည့်ရှု့ အား
ပေးနိုင်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


No comments:

Post a Comment