တောင်ကြီး ဖေဖော်ဝါရီ
၂၃
အင်းလေးကန်နှင့်
ပတ်သက်သည့် ဥပဒေ(မူကြမ်း)နည်းဥပဒေများဆိုင်ရာ အကြံပြုဆွေးနွေးပွဲကို ဖေဖော်ဝါရီ(၂၃)
ရက် နံနက်(၉)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်သစ်တောဦးစီးဌာန၊ ရတနာသစ်ခန်းမ၌ ကျင်းပကြောင်းသိရသည်။
အစိုးရသစ်ကာလလက်ထက်
အင်းလေးကန်ရေရှည်တည်တံ့စေရေး ဆက်စပ်ပတ်သက်သမျှအားလုံးကို NGO အဖွဲ့အစည်းများအပါအဝင်
ဒေသခံပြည်သူများ ပြည်တွင်းပြည်ပ ပညာရှင်များနှင့်ဖိတ်ကြားဆောင်ရွက်ခဲ့ရာ(၇)ကြိမ်ရှိပြီး
ဖြစ်ပါကြောင်း၊ အင်းလေးကန်နှင့်ပတ်သက်ပြီး ဥပဒေ၊ နည်းဥပဒေများပြဌာန်းနိုင်ရန် ဆောင်ရွက်ခဲ့ရာ
အစိုးရလက်ထက်တွင် စတင်နိုင်ခဲ့တာဖြစ်ကြောင်း၊ သစ်တောဦးစီးဌာနနှင့် အခြားဆက်စပ်ဌာနများကလည်း
ကန်နှင့်ပတ်သက်သော အကြောင်းအရာ များ၊ မြစ်ချောင်းများနှင့် ပတ်သက်သော အကြောင်းအရာများကို
အခြေခံသည့် ဥပဒေ၊ နည်းဥပဒေများရှိရန် ပူးပေါင်းပါဝင် အကြံပြုကြရန်ဖိတ်ခေါ်ပါကြောင်း၊ မြန်မာနိုင်ငံသာမက ကမ္ဘာပေါ်တွင် အသိအမှတ်ပြုခံရသော
အင်းလေးကန်ကြီးနှင့် အင်းတိုင်းရင်းသားများအပါအဝင် အခြားတိုင်းရင်းသားများ ပတ်လည်ဝန်းရံနေသော
ဇီဝအဝန်းနယ်မြေ ရေရှည်တည်တံ့ နိုင်ရန် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရန်နှင့် ဆောင်ရွက်သည့်လုပ်ငန်းစဉ်တိုင်းတွင်
ဥပဒေပြုမှုသည်လည်း မဖြစ်မနေလုပ်ကိုင် သင့်သော လုပ်ငန်းစဉ်အဖြစ် အားလုံးဝိုင်းဝန်းဆွေးနွေးအကြံပြုကြရန်ထပ်မံတိုက်တွန်းလိုကြောင်း၊
ကန်များနှင့် ပတ်သက်သော ဥပဒေ၊ နည်းဥပဒေများပေါ်ထွက်လာရန် အချိန်ယူဆောင်ရွက်ရမည့်ကိစ္စဖြစ်သည့်အတွက်
အပြည်ပြည်ဆိုင်ရာ ကန်များ ဥပဒေများ မသွေဖီဖို့လိုအပ်မှာဖြစ်၍ ဒေသခံပြည်သူနှင့် လိုက်လျောညီထွေဖြစ်သည့်ဥပဒေ၊
နည်းဥပဒေဖြစ်ရန် လိုအပ်ပါကြောင်း၊ အကြံပြုဆွေးနွေးပွဲကို စိတ်ပါဝင်စားစွာ တက်ရောက်လာသူအားလုံးက
ရလဒ်ကောင်းထွက်ပေါ်လာအောင် ဆောင်ရွက်နိုင်ကြရန် ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း ပြည်ထောင်စုဝန်ကြီး
ဦးအုန်းမောင်က အဖွင့်အမှာစကား၌ ပြောကြားသွားသည်။
ဆက်လက်၍
စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကြပြီး၊ အင်းလေးကန်ဥပဒေ(မူကြမ်း)၊ နည်းဥပဒေနှင့်ပတ်သက်၍
ရေဝေရေလဲ ဒေသအုပ်ချုပ်ရေးဌာန၊ သစ်တောဦးစီးရုံးချုပ်၊ နေပြည်တော်မှ ညွှန်ကြားရေးမှူး ဦးဘိုနီမှ
ရှင်းလင်းတင်ပြပြီး၊ တက်ရောက် လာသူများအားလုံးမှ အကြံပြုဆွေးနွေးကြကာ၊ အင်းလေးကန်နှင့်
ပတ်သက်သည့် အသိပညာမျှဝေခြင်းကို ရန်ကုန်တက္ကသိုလ် ပါမောက္ခ ဒေါက်တာဒေါ်ကေသွယ်လှိုင်မှ ရှင်းလင်းပြောကြားပြီး၊
တက်ရောက်လာသူများအားလုံးမှ ဆွေးနွေးမေးမြန်းခြင်းနှင့် အုပ်စုဖွဲ့ဆွေးနွေးခြင်း၊ အုပ်စုဖွဲ့ဆွေးနွေးခြင်း၏ရလဒ်များတင်ပြခြင်းနှင့်
မှတ်တမ်းတင်ခြင်းတို့ ပြုလုပ်ကာ ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး
ဒေါက်တာညီညီအောင်မှ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း
သိရသည်။
အဆိုပါအခမ်းအနားသို့
ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း ပြည်ထောင်စုဝန်ကြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊
ပြည်နယ်ဝန်ကြီးများ၊ အင်းတိုင်းရင်းသားရေးရာဝန်ကြီး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊
CSO အဖွဲ့များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြကြောင်းသိရသည်။
မောင်မောင်သန်း
(တောင်ကြီး)


No comments:
Post a Comment