နေပြည်တော် ဖေဖော်ဝါရီ ၂၂
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး
၁၂ ရက်မြောက် နေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦ ပြည်သူ့
လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ခန္တီးမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်
ဦးအောင်သန်း စိန်၏ ခန္တီး-ရွှေပြည်သာကျေးရွာ
(ကျောက်စိမ်းတွင်းဒေသ) ကားလမ်းအကြားရှိ ချောင်းကြီး၊ ချောင်းငယ်များ၌ အမာခံတံတားများဆောက်
လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ နှင့် စပ်လျဉ်း၍ မေးမြန်းရာ နယ်စပ်ရေးရာဝန်ကြီးဌာန
ဒုတိယ၀န်ကြီး ဗိုလ်ချုပ် သန်းထွဋ်က နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်း
များကို အရှိန်အဟုန်မြှင့် အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိရာ ခန္တီး-လသာ-ရွှေပြည်သာ-မြကျွန်းသာလမ်း
မူလအရှည် (၂၅)မိုင်လမ်းအတွက် ၂၀၁၄-၂၀၁၅ခု ဘဏ္ဍာရေးနှစ်တွင် ကျောက်လမ်း (၁၀)မိုင်နှင့်
၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် တွင် ကျောက်လမ်း (၅)မိုင် ဆောင်ရွက်ပေးခဲ့ပြီး ၂၀၁၆-၂၀၁၇ခု ဘဏ္ဍာရေးနှစ်တွင်
ကျောက်လမ်း (၄)မိုင်အား အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အဆိုပါလမ်း (၂၅)မိုင်တွင်
ဆောင်ရွက်ရန် ကျန်ရှိသော (၆)မိုင်အတွက် ၂၀၁၇-၂၀၁၈ခု ဘဏ္ဍာရေးနှစ်တွင် ကျောက်လမ်း (၂)မိုင်နှင့်
၂၀၁၈-၂၀၁၉ခု ဘဏ္ဍာရေးနှစ်တွင် ကျောက်လမ်း (၄)မိုင်အား ထည့်သွင်းလျာထားပေးမည်ဖြစ်ပြီး
ရန်ပုံငွေခွင့်ပြုပါက ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ထို့်ပြင် ခန္တီး-ရွှေပြည်သာကျေးရွှာ
(ကျောက်စိမ်း တွင်းဒေသ) ကားလမ်းများ အကြားရှိ ချောင်းကြီး၊ ချောင်းငယ်များ၌ အမာခံတံတားများ
ဆောက်လုပ်ပေးရန် လိုအပ် မည်ဖြစ်ရာ အဆိုပါလမ်းပေါ်၌ အမာခံတံတားများ၊ Box Culvert များ
တည်ဆောက်ခြင်း လုပ်ငန်းများ အား ၂၀၁၈-၂၀၁၉ခု ဘဏ္ဍာရေးနှစ်မှ စတင်၍ နှစ်အလိုက် ဦးစားပေးအစီအစဉ်အလိုက်
ရန်ပုံငွေခွင့်ပြု ၀င်ဆံ့မှုနှင့်အညီ ထည့်သွင်းလျာ ထားဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း
ရှင်းလင်းဖြေကြားသည်။
နန်းယွန်းမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးဝမ်းလှ၏ နန်းယွန်းမြို့နယ်ရှိ ကျေးရွာချင်းဆက်လမ်း များဖြစ်သော
ဖာကျက်-ဆန်းကိုင်-လားဟောင်-ငိုင်မောင်း- လားမား (၂၅)မိုင်၊ ပါပုန်-ချောင်းဆုံ-ကေးဆန်လုံခေါင်းလမ်း
(၂၇)မိုင်၊ ယန်းနော်နုတ်ညို -ဆာလင်-ကေးဆန်နုတ်ညို-ဘောက်လွန်းလမ်း (၁၅)မိုင်၊ ကြူယန်းနုတ်ညို-ကျောက်ခေါ်-ဟရှိတ်နုတ်ညို-လုံခေါလမ်း(၁၅)မိုင်၊နန်းယွန်း-ပန်းဆောင်တပ်ရှောင်လမ်း
(၈)မိုင်တို့အား (၂၀၁၇-၂၀၁၈) ဘဏ္ဍာနှစ်တွင် တစ်ကြောင်းထိုးမြေသားလမ်း ဖောက်လုပ်ပေးရန်
အစီအစဉ်ရှိ ၊ မရှိ နှင့် စပ်လျဉ်း၍ မေးမြန်းရာ
ဒုတိယ၀န်ကြီး ဗိုလ်ချုပ်သန်းထွဋ်က လွှတ်တော်ကိုယ်စား လှယ်၏မေးမြန်း ချက်ပါ လမ်းများအနက်
ယန်းနော်နုတ်ညို-ဆာလင်-ကေးဆန်နုတ်ညို-ဘောက်လွန်းလမ်း (၁၅)မိုင်အတွက် နယ်စပ်ဒေသ ဖွံ့ဖြိုး
ရေးရန်ပုံငွေဖြင့် ၂၀၁၇-၂၀၁၈ခု၊ ဘဏ္ဍာရေးနှစ်တွင် မြေလမ်း (၁၀)မိုင်နှင့် ၂၀၁၈-၂၀၁၉ခု၊
ဘဏ္ဍာရေး နှစ်တွင် မြေလမ်း (၅)မိုင် ဆောင်ရွက်ပေးရန်လျာထားပါကြောင်း။ လွှတ်တော်ကိုယ်စားလှယ်၏
မေးမြန်း ချက်ပါ ကျန်ရှိသော တစ်ကြောင်းထိုးလမ်း ဆက်လက်ဖောက်လုပ်ဆောင်ရွက်နိုင်ရန်အတွက်
ပြည်နယ်အစိုး ရအဖွဲ့၏ သဘောထား မှတ်ချက်၊ အကျိုးပြုကျေးရွာ၊ အိမ်ထောင်စု၊ လူဦးရေ၊ ဒေသပေါက်
ဈေးဖြင့် ကုန်ကျမည့် ခန့်မှန်းခြေစာရင်း၊ လုပ်ငန်း ဆောင်ရွက်မည့်နေရာ၏ မြေပုံကြမ်း
တို့ကို သက်ဆိုင်ရာ ဒေသ တာဝန်ရှိသူများမှ စနစ်တကျကွင်းဆင်းလေ့လာသုံးသပ် တင်ပြစေမည်ဖြစ်
ပါကြောင်း၊ သို့ဖြစ်၍ လွှတ်တော်ကိုယ်စားလှယ်၏ မေးမြန်းချက်ပါ ကျန်မြေလမ်းများ ဆက်လက်ဖောက်လုပ်နိုင်ရန်အတွက်
လိုအပ်သောအချက်အလက်များအား သက်ဆိုင် ရာဒေသမှ တင်ပြလာပါက နယ်စပ်ရေးရာဝန်ကြီးဌာန၏ (၅)နှစ်စီမံကိန်းတွင်
ထည့်သွင်း ရေးဆွဲ၍ ၂၀၁၈-၂၀၁၉ခု၊ ဘဏ္ဍာရေးနှစ်မှစ၍ ရန်ပုံငွေခွင့်ပြုဝင်ဆံ့မှုနှင့်အတူ
လုပ်ငန်း ဦးစားပေးအလိုက် စိစစ်လျာထားတင်ပြ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြား
သည်။
တန့်ယန်းမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်
ဦစိုင်းမောင်ပွင့်၏ မိုင်းကောင် ကျေးရွာအုပ်စု၊
မန်ကျောင်း၊ နောင်အက်၊ ပန်ဟိုက်၊ နမ့်လောင်း ရွာချင်းဆက်လမ်း (၁၀)မိုင်အား ကျောက်လမ်းခင်း
ပေးရန်၊ နားကော်ကျေးရွာအုပ်စု၊ ခိုတုံလမ်းခွဲမှ မန်ပိန်း၊ လုံကျိန်၊ နောင်မိုရွာအထိ
မြေသားလမ်း (၇)မိုင် ဖောက်လုပ်ပေးရန် အစီအစဉ်ရှိ၊ မရှိနှင့် စပ်လျဉ်း၍ မေးမြန်းရာ
ဒုတိယ၀န်ကြီး ဗိုလ်ချုပ်သန်းထွဋ် က လွှတ်တော်ကိုယ်စား လှယ်တော်ကြီး မေးမြန်းခဲ့သည့်လမ်း
(၂)လမ်းနှင့်ပတ်သက်၍ တန့်ယန်းမြို့နယ်၊ နားကော်ကျေးရွာအုပ်စု ခိုတုံလမ်းခွဲမှ မန်ပိန်း၊
လုံကျိန်၊ နောင်မိုရွာ အထိ မြေသားလမ်း (၇)မိုင် ဖောက်လုပ်ခြင်းလုပ်ငန်းအတွက် ငွေကျပ်
(၁၅၃ ဒသမ ၅၀၃၀)သန်းနှင့် ယင်းလမ်းပေါ်တွင် (၅)ပေ Box Culvert (၁၂)ခု ဆောက်လုပ်ခြင်း အတွက် ငွေကျပ်
(၂၅ ဒသမ ၂၀) သန်းတို့အား ၂၀၁၇-၂၀၁၈ခု ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်အစိုးရ အဖွဲ့၏ နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေတွင်
လျာထားဆောင်ရွက်ပြီး ဖြစ်ကြောင်းကို ဒေသတင်ပြချက်အရ သိရှိရပါကြောင်း၊ မေးခွန်းတွင်ပါဝင်သည့်
ကွန်ကရစ်တံတား (၄)စင်းမှာ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဆောင်ရွက်ရန်လျာထား သည့် ခိုတုံလမ်းခွဲမှ
နောင်မိုရွာ (၇)မိုင် မြေလမ်းပေါ်တွင်သာ လိုအပ်ကြောင်းနှင့် မန်ကျောင်း-နမ့်လောင်းရွာ
ချင်းဆက်လမ်း (၁၀)မိုင် လမ်းပေါ်တွင် ၅ပေ Box Culvert (၅)ခုနှင့် ၃ ပေ ကွန်ကရစ် ရေပြွန်
(၅)စင်းသာလိုအပ်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ ကျန်ရှိသော မန်ကျောင်း၊ နေုာင်အက်၊ ပန်ဟိုက်၊
နမ့်လောင်းရွာချင်းဆက် (၁၀)မိုင်လမ်း ကျောက်ခင်းခြင်းနှင့် ယင်းလမ်းပေါ်တွင် လိုအပ်
မည့် ၅ပေ Box Culvert (၅)ခုနှင့် ၃ပေ ကွန်ကရစ်ရေပြွန် (၅)စင်းတို့အား ရှမ်းပြည်နယ်
အစိုးရအဖွဲ့မှ တင်ပြလာပါက ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ရန်ပုံငွေလျာထားချိန်တွင် အဆိုပြုထည့်သွင်းလျာထားနိုင်ရေး
တင်ပြ ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။
ပေါင်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်
ဒေါ်မိကွန်ချမ်းက နိုင်ငံတစ်ဝန်း လုံးရှိ ပြည်သူများ၏
အသက်အိုးအိမ် စည်းစိမ်များကို ထိခိုက်နစ်နာစေပြီး ပြည်သူအများ သဘောမတွေ့ လက်မခံသော
နှစ်ရှည်စီမံကိန်းများနှင့် ခေတ်အဆက်ဆက် အစိုးရမှ ခွင့်ပြုထားသည့် လုပ်ငန်းများကို
ပြန်လည်စိစစ်ပေးပါရန် ပြည်ထောင်စုအစိုးရကို တိုက်တွန်းကြောင်းအဆိုကို တင်သွင်းရာ
တောင်ကုတ်မဲဆန္ဒနယ်မှလွှတ်တော် ကိုယ်စားလှယ် ဒေါ်နီနီမေမြင့်က ထောက်ခံဆွေးနွေးပြီး အဆိုနှင့်
စပ်လျဉ်း၍ လက်ခံ ဆွေးနွေးရန် သင့် မသင့်ကို လွှတ်တော်၏ အဆုံးအဖြတ်ကို ရယူရာ လွှတ်တော်၏
ဆုံးဖြတ်ချက်ဖြင့် လက်ခံဆွေး နွေးမည်ဖြစ်ကြောင်း လွှတ်တော် ဥက္ကဋ္ဌက ကြေညာပြီး ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များရှိပါက အမည်စာရင်း
တင်သွင်းနိုင်ကြောင်း ကြေညာသည်။
မိုးမောက်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်
ဦးဝင်းအောင် တင်သွင်းသည့် မြန်မာနိုင်ငံအတွင်းရှိ
ထီထိုးသူ ပြည်သူလူထုများ အဆင်ပြေစေရန်၊ ဆင်းရဲမွဲတေမှု ပပျောက်ရေးနှင့် မှုခင်းလျှော့ချရေးကို
တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေ သော အောင်ဘာလေထီရောင်းရငွေ၏ အခွန် ၄၀ ရာခိုင်နှုန်း
မှ ၁၀ ရာခိုင်နှုန်းအား အောင်ဘာလေ သိန်းထီဆုအဖြစ် ထည့်သွင်းပေးပြီး ထီရောင်းရငွေမှ အခွန်ငွေ
၃၀ ရာခိုင်နှုန်းသာ ကောက်ခံသင့်ပါကြောင်း ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို
လွှတ်တော် ကိုယ်စားလှယ် (၄) ဦးက လက်ခံဆွေးနွေးသည်။
စဉ့်ကိုင်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်
ဒေါက်တာဒေါ်ကြည်မို့မို့လွင်က မြန်မာနိုင်ငံတွင် အောင်ဘာလေ ထီမှ အခွန်ရငွေသည် တစ်နှစ်လျှင်
ကျပ် ၂၈ ဘီလီယံ ဖြစ်သည့်အတွက် စုစုပေါင်း ရောင်းရငွေမှာ ကျပ် ၆၀ ဘီလီယံ တစ်နည်းအားဖြင့်
အမေရိကန်ဒေါ်လာ သုညဒသမ သုညငါး ဘီလီယံအထိ ရှိနေပါကြောင်း ၊ လူဦးရေ ကွာခြားမှုမရှိသည့်
ထိုင်းနိုင်ငံတွင် ထိုင်းဘတ် ၇၆ ဘီလီယံ တစ်နည်းအားဖြင့် အမေရိကန်ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံရရှိသည်ဟု
သိရှိရပါကြောင်း ၊ အစိုးရထီနှင့် ပတ်သက်ပြီး မြန်မာနှင့် ထိုင်းကို နှိုင်းယှဉ်ကြည့်ပါက
ဆုကြေးအဖြစ် ၆၀ ရာခိုင်နှုန်း ၊ နိုင်ငံတော်ဘဏ္ဍာအဖြစ် ၄၀ ရာခိုင်နှုန်း ဖြစ်သည့်အတွက်
အခွန်ရာခိုင်နှုန်းတွင် ကွာခြားမှု မရှိပါကြောင်း၊ တစ်နှစ်တာ ထီရောင်းရငွေ၏ ဂျီဒီပီ အချိုးမှာ
ထိုင်းနိုင်ငံက အဆမတန်များ ပြားသည်ကို တွေ့ရပါကြောင်း ၊ ယင်းကို လေ့လာသုံးသပ်ကြည့်သည့်
အခါတွင် ထိုင်းနိုင်ငံ၏ လူဦးရေ ၆၇ သန်းအနက် ၁၉ ဒသမ ၂သန်းသည် အစိုးရထီကို ထိုးကြသည်ဟု
သိရပါကြောင်း၊ ထိုင်းနိုင်ငံသားသုံးဦးလျှင် တစ်ဦးသည် အစိုးရထီကို ထိုးနေသည်ဟု ယူဆနိုင်ပါကြောင်း
၊ ယင်းသည် ထိုင်းနိုင်ငံ၏ ကြီးမားသော စီးပွားရေး လုပ်ငန်းတစ်ရပ်အဖြစ် တင်စားပြောဆိုနေကြပါကြောင်း
၊ ပြည်သူများကလည်း ဆင်းရဲ မှောင်မိုက်သောညများကို ကျော်ဖြတ်နိုင်မည့် အိပ်မက်တစ်ခုအဖြစ်
ယုံကြည်ကြ သည်ဟုလည်း သိရပါကြောင်း ၊ ယင်းသို့ ပြည်သူအပေါ် လွှမ်းမိုးဆွဲဆောင်နိုင်သည့်
ထိုင်းနိုင်ငံ၏ ထီစနစ်ကို လေ့လာအတုယူသင့်ပါကြောင်း၊ အစိုးရက လည်း ပုဂ္ဂလိကများ ကို ထီရောင်းချခွင့်ပေးထားပုံရပါကြောင်း
၊ ယခုဆိုလျှင် ထိုင်းနိုင်ငံ၏ ထီဈေး ကွက် ကိုချဲ့ထွင်နိုင်ရန် E-Lottery စနစ်ကို
အကောင်အထည်ဖော်ရန် ဥပဒေတွေကို ပြင်ဆင် ရန် လုပ်ဆောင် နေကြောင်းကိုလည်း တွေ့ရှိရပါကြောင်း၊
မြန်မာနိုင်ငံ၏ အောင်ဘာလေ ထီသမိုင်း ကိုလေ့လာကြည့် မယ်ဆိုပါက ၁၈၇၈ခုနှစ် သီပေါမင်းလက်ထက်မှာ
ယောအတွင်းဝန် ဦးဖိုးလှိုင်က ပြင်သစ်ထီကို နမူနာယူပြီး စတင် အကောင် အထည်ဖော်ခဲ့သည်ဟု
သိရှိရပါကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် အောင်မြင်မှု မရဘဲ ၁၈၈၀ တွင် ရပ်ဆိုင်းခဲ့သည်ဟု
သိရပါကြောင်း၊ ၁၉၃၈ ခုနှစ်မှ ပြန်လည်စတင်နိုင်ခဲ့သည်ဟု သိရှိရပါကြောင်း ၊ ပြုပြင်ပြောင်းလဲမှုများကို
လေ့လာ ကြည့်ပါက ၁၉၃၈ မှ ယနေ့ ၂၀၁၇ အထိ ကာလများတွင် ထီလက်မှတ်တန်ဖိုး တိုးမြှင့် ရောင်းချခြင်း
၊ အမြင့်ဆုံးဆုနှင့် အနိမ့်ဆုံးဆုများ ပြောင်းလဲသတ်မှတ်ခြင်း ၊ အက္ခရာ အရေအတွက် အတိုးအလျှော့
ပြုလုပ်ခြင်း အစရှိသည့် ပြောင်းလဲမှုများသာ ရှိသည့် အတွက် ထူးခြားသည့် ထီစနစ်ပြောင်းလဲမှုမျိုးကို
မတွေ့ရပါကြောင်း ၊ ထို့အတွက် ပြည်သူများကို ပိုမိုဆွဲဆောင်နိုင် စေမည့် ပြောင်းလဲမှုများကို
လုပ်ဆောင်ရာတွင် ပြည်သူ့ ဆန္ဒ၊ ပြည်သူ့အသံများကို အလေးထား လုပ်ဆောင် သင့် ပါကြောင်း
၊ အစိုးရအနေဖြင့် ပြည်သူကို အခွန်ယဉ်ကျေးမှုနှင့် ယဉ်ပါးလာစေရန် စည်းရုံးဆွဲဆောင် နေသည့်
ကာလ မျိုးတွင် ပြည်သူကို ၀န်ထုပ်ဝန်ပိုးဖြစ်စေသည့် အခွန်များကိုသာ လျှော့ပေါ့ပေးပြီး
အောင် ဘာလေ ထီကဲ့သို့သော လုပ်ငန်းမျိုးကို အောင်မြင်စွာ လုပ်ခြင်းဖြင့် အခွန်ပိုမို
ရှာဖွေနိုင်ရမည်ဖြစ် ပါကြောင်း၊ ပြည်သူကို အမှန်တကယ်ဆွဲဆောင်နိုင်ပါက တရားမ၀င် လောင်းကစားများ
ပပျောက်ရေးအတွက်လည်း အထောက်အကူပြုစေမည်ဖြစ်ပြီး နိုင်ငံ ၏၀င်ငွေလည်း အများအပြား ရရှိနိုင်သည့်အတွက်
နိုင်ငံ၏ ကြီးမားသော စီးပွားရေး လုပ်ငန်းတစ်ခုအဖြစ်တောင် ရပ်တည်လာနိုင်မည်ဖြစ်ပါကြောင်း
ရှင်းလင်းဆွေးနွေး သည်။
ဘီးလင်းမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်
ဦးတင်ကိုကိုဦးက ဤနေရာ တွင် မိမိတို့ဆွေးနွေးကြသည်မှာ ၁၀ရာခိုင်နှုန်းကိစ္စဖြစ်ပါကြောင်း၊
ပုံမှန်အားဖြင့် ယင်း ၁၀ ရာခိုင်နှုန်းသည် နိုင်ငံတော်၏အခွန်အ ကောက်ဖြစ်သည့် အတွက် တံတား၊
ဆေးရုံ၊ ကျောင်းများသို့ ရောက်ရှိသည့်အခွန်များပင်ဖြစ်ပါကြောင်း၊ အဆိုရှင်က ထီထိုးကံစမ်း ကြသည့် ပြည်သူများကို လူမှုစီးပွားဘ၀အဆင်ပြေစေချင်သည့်
ဆန္ဒရှိသော်လည်း လက်ရှိကာလဈေးကွက်တွင် ထီတစ်စောင်ဈေးနှုန်းမှာ မူလတန်ဖိုး ၂၀၀ ကျပ်မဟုတ်ဘဲ
ငွေကျပ် ၃၀၀ အထက်တွင်သာဖြစ်နေပါကြောင်း၊ ထီထိုးသည့်ပြည်သူက ထီပေါက် သည့်အခါ ၆၀ ရာခိုင်နှုန်းအရင်း
အနှီးရရှိမည်ဖြစ်ပြီး နိုင်ငံတော်က ၄၀ ရာခိုင်နှုန်းကို
လမ်းတံတားအဖြစ်ရရှိမည်ဖြစ်ပြီး ကျန်သည့် ၅၀ ရာခိုင်နှုန်းကို မည်သူမှန်းမသိရရှိခံစား
လျက်ဖြစ်နေပါကြောင်း၊ ယင်းအချက်သည် ကံစမ်းခြင်းလော၊ ဥာဏ်စမ်းခြင်း လော ဟူသည့် အတွေးကိုဖြစ်ပေါ်စေပါကြောင်း၊
ဥာဏ်အစမ်းခံရခြင်းလော၊ အဂတိတရားများ လိုက်စားမှုများဖြစ်နေသလောဟု တွေးမိသကဲ့သို့ ဥပဒေက
မခိုင်မာခြင်းလော၊ အကောင်ထည်ဖော်ခြင်းက ချို့ယွင်းနေသလော ဆိုသည့်အချက်များကို ပြန်လှန်သုံး
သပ်ရန် လိုအပ်နေပါကြောင်း၊ နိုင်ငံတော် နှင့်ပြည်သူအကြား အဆိုပါ ၁၀၀ ရာခိုင်နှုန်းကို
ကြည်ဖြူညီမျှစွာ မျှဝေသုံးစွဲနေသည့်ကာလတွင် အထက်ပါ ၅၀ ရာခိုင်နှုန်းဟူသည့် ပမာဏသည် အလဟသဖြစ်နေသည့်အတွက်
ပြည်သူများအနေဖြင့် အစိုးရအပေါ် ယုံကြည်အား ကိုးမှုပျက်ပြားစေပါကြောင်း၊ ယင်းအချက်သည်
အဆင်မပြေသည့် စီမံခန့် ခွဲမှုများကို ထင်ရှားစေပါကြောင်း၊ မိမိတို့အနေဖြင့် ၂၀၀ ကျပ်တန်
ထီလက်မှတ်တွင် ဆုံးရှုံးမှုများဖြစ်ပေါ်ပြီးသကဲ့သို့ ၅၀၀ ကျပ်တန် ထီလက်မှတ်တွင်လည်း မည်သို့သော
ထပ်မံဆုံးရှုံးမှုမျိုးပေါ်ပေါက်လာမည်နည်း ဟူသည့်အချက်ကို စဉ်းစားစရာဖြစ်လာပါ ကြောင်း၊
ပြည်သူများ စိတ်နှလုံးချမ်းမြေ့စွာဖြင့် နိုင်ငံတော်မှဖွင့်လှစ်သည့် ထီကို ကံစမ်း ကစားကြရာ၌
ဝန်ကြီးဌာနအနေဖြင့် စိတ်ကောင်းစေတနာဖြင့် ဆောင်ရွက်ပေးစေလိုပါ ကြောင်း၊ တရားမ၀င် သည့်
လောင်းကစားထီများလျော့ပါးစေရေးအတွက် တရားဝင်ထီ များကို ချဲ့ထွင်ဆောင်ရွက်ရန် လိုအပ်သည်
ဟု အကြံပြုလိုပါကြောင်း ဆွေးနွေးပြော ကြားသည်။
ယင်းအဆိုအပေါ် တွံတေးမဲဆန္ဒနယ်မှ ဦးမြင့်လွင်နှင့်
ပုဇွန်တောင်မဲဆန္ဒနယ်မှ ဦးမြင့်လွင်တို့ကလည်း ၀ိုင်းဝန်းအကြံပြုဆွေးနွေးကြသည်။
အဆိုနှင့်စပ်လျဉ်း၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန
ဒုတိယ၀န်ကြီး ဦးမောင် မောင်ဝင်း ကပြန်လည် ရှင်းလင်းဆွေးနွေးပြီး အဆိုကို မှတ်တမ်းအဖြစ်ထားရှိရန်
လွှတ်တော်သို့တင်ပြရာ လွှတ်တော်၏ သဘောတူ ညီမှုဖြင့် မှတ်တမ်းအဖြစ်ထားရှိရန် အတွက် လွှတ်တော်ဥက္ကဋ္ဌက
ကြေညာသည်။
ယင်းနောက် ပြည်ထဲရေးဝန်ကြီးဌာနက တင်သွင်းသည့်
တရားခံလွှဲပြောင်းရေး ဥပဒေကြမ်းနှင့်စပ်လျဉ်း၍
တင်သွင်းထားသည့် ပြင်ဆင်ချက်အဆိုအပေါ် အပိုဒ်၊ အပိုဒ်ခွဲ များအလိုက် လွှတ်တော်ကိုယ်စားလှယ်များက
ဆွေးနွေးခြင်း၊ အတည်ပြုနိုင်ရန် တင်ပြခြင်းနှင့် လွှတ်တော်၏အဆုံးအဖြတ်ကို ရယူခြင်းများကို
ဆောင်ရွက်ကြ သည်။
အောင်နိုင်၊
အေးအေးသန့်၊ မီမီဖြိုး(သတင်းစဉ်)

No comments:
Post a Comment