Friday, February 24, 2017

ကျေးရွာစာကြည့်တိုက်ရှင်သန်ခိုင်မာရေးနှင့် မွေးမြူရေး ပညာပေးဟောပြောပွဲ ပူတာအို၌ ကျင်းပ


ပူတာအို     ဖေဖော်ဝါရီ     ၂၄

ကချင်ပြည်နယ် ၊  ပူတာအိုခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်မွေးမြူရေးနှင့်ကု သရေးဦးစီးဌာနတို့ပူးပေါင်းမှုဖြင့် ကျေးလက်နေပြည်သူများ အသိပညာဗဟုသုတတိုးပွားလာစေရန်နှင့်မွေးမြူ ရေးလုပ်ငန်းဖြင့် မိသားစုအတွင်းတစ်ဖက်တစ်လမ်းမှ ၀င်ငွေရရှိလာစေရန်အတွက်   ကျေးရွာစာကြည့်တိုက်ရှင် သန်ခိုင်မာရေးနှင့် မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရေးအသိပညာပေးဟောပြောပွဲကို   ဖေဖော်ဝါရီ(၂၄) ရက် နံနက်(၉)နာရီက ပူတာအိုမြို့နယ် ၊ ဆာရ်ခွမ်ဒမ်းအုပ်စု ၊ ပင်စင်ကျေးရွာ    အိုရိန်စာကြည့်တိုက်ကျင်းပခဲ့သည်။

အခမ်းအနားတွင် ဆာရ်ခွမ်ဒမ်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး     ဦးချန်တန်ဆင်က အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဓါတ်ပုံကျွမ်းကျင်-၂  ဦးချန်းဖုန်ရမ်က ကျေး ရွာစာကြည့်တိုက်ရှင်သန်ခိုင်မာရေးနှင့် စာဖတ်ခြင်း၏အကျိုးကျေးဇူးများကို အသိပညာပေးဟောပြောကာ  ခရိုင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါက်တာသန်းမြင့်က ၀က်မွေးမြူရာတွင် ဒေသထွက်အစာများ ပေါင်းစပ်ကျွေးမွေးခြင်းဖြင့် အသားတိုးနှုန်း ပိုမိုကောင်းမွန်လာစေရန်နှင့်  I2  ကြက်လည်လိမ်ကာကွယ်ဆေးခပ် ပေးခြင်းဖြင့် မွေးမြူသူများ ကြက်ရောဂါကျရောက်ခြင်းမှ ကင်းဝေးစေရန်အတွက် အကျယ်တ၀င့်အသိပညာပေး ဟောပြောသည်။
ဆက်လက်၍ တက်ရောက်လာသည့် ကျေးရွာအုပ်ချုပ်ရေးမှူး     ဦးဒိန်ခေါင်ဖုန်ရမ်နှင့်ပြည်သူများအား ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနကထုတ်ဝေသော ကြက် ၊ ၀က် ၊ ကျွဲ ၊နွား နှင့်ပတ်သက်၍အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်း ပြသထားသည့် နံရံကပ် ဓါတ်ပုံပြပွဲကို ကြည့်ရှူလေ့လာခဲ့ကြောင်း စတင်ရရှိသည်။
ခရိုင် (ပြန်/ဆက်)   

No comments:

Post a Comment