ဆော ဖေဖော်ဝါရီ ၂၄
လူထုဗဟိုပြုစီမံကိန်း
ပထမနှစ်စက်ဝန်းအတွင်း ကျင်းပပြုလုပ်သည့် မြို့နယ်အဆင့် စီမံကိန်းရေးဆွဲရေး လုပ်ငန်းညှိနှိုင်း
အစည်းအဝေးကို ဖေဖော်ဝါရီ ၂၃ ရက်က ဂန့်ဂေါခရိုင် ဆောမြို့ ယောမင်းကြီး ဦးဘိုးလှိုင်ခန်းမတွင်
ကျင်းပရာ မြို့နယ် အဆင့် စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေး ကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး
ဦးမြဝင်းက အမှာစကား ပြောကြားသည်။
ထို့နောက် မြို့နယ်အဆင့်စီမံကိန်း
ရေးဆွဲရေးဦးစီးဌာန ဦးစီးမှူး ဦးခင်ကျော်ညွန့်က လုပ်ငန်းအကောင် အထည်ဖော် ဆောင်ရွက်မည့်
လုပ်ငန်းစဉ်များအား ရှင်းလင်းပြီး ကျေးရွာ ၄၄ အုပ်စု ကျေးရွာပေါင်း ၆၄ ရွာမှ အုပ်ချုပ်ရေးမှူးများ၏
တင်ပြချက်များကို ပြန်လည်ရှင်းလင်းဆွေးနွေးသည်။
အဆိုပါလုပ်ငန်းသည်
စက်ဝန်းလေးနှစ်တာကာလဖြစ်ကာ မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများ၌ အမှန်တကယ် လိုအပ်လျှက်ရှိသည့်
သောက်သုံးရေလွယ်ကူစွာ ရရှိနိုင်ရေး၊ လျှပ်စစ်မီးလင်းရေး၊ လမ်းပန်းဆက် သွယ်မှုကောင်းမွန်ရေး၊
စာသင်ကျောင်း၊ ဆေးခန်းများ၊ စိုက်ပျိုးရေသွယ်လုပ်ငန်းများ ဆောက်လုပ်ပြုပြင်ခြင်း လုပ်ငန်းများကို
ဆောင်ရွက်ကြ မည်ဖြစ်သည်။
အဆိုပါ လူထုဗဟိုပြုသော
လုပ်ငန်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကမ္ဘာ့ဘဏ်၏ ပံ့ပိုးကူညီမှုဖြင့်
မကွေးတိုင်းဒေသကြီးအတွင်း မင်းတုန်းနှင့် စေတုတ္တရာမြို့နယ်များတွင် ဆောင်ရွက်လျှက်ရှိပြီး
၂၀၁၆-၂၀၁၇ နှစ်မှစတင်ကာ ဆော၊ ထီးလင်း၊ ပေါက်မြို့နယ်များတွင် စတင်ဆောင်ရွက်ကြောင်းနှင့်
နိုင်ငံအတွင်း ၄၇ မြို့နယ် တွင် လူထုဗဟိုပြုစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိကြောင်း
သိရသည်။
ခရိုင်ပြန်/ဆက်

No comments:
Post a Comment