Friday, February 24, 2017

ကချင်ပြည်နယ်ဥပဒေချုပ်နှင့်ပြည်သူများတွေ့ဆုံပွဲအခမ်းအနား ပူတာအို၌ကျင်းပ

ပူတာအို     ဖေဖော်ဝါရီ     ၂၄

ကချင်ပြည်နယ် ၊  ပူတာအိုခရိုင် ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်နေသော  လုပ်ငန်းများဥပဒေနှင့် အညီ ဆောင်ရွက်မှုများကြည့်ရှူစစ်ဆေးရန်ရောက်ရှိနေသော ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ကချင်ပြည်နယ် ဥပဒေချုပ်နှင့် ဌာနဆိုင်ရာဝန်ထမ်းများ ၊ ရပ်မိရပ်ဖများ ၊ နိုင်ငံရေးပါတီများတွေ့ဆုံပွဲအခမ်းအနားကို ဖေဖော်ဝါရီ (၂၄)ရက် နံနက်(၉)နာရီက ပူတာအိုမြို့ ဖုန်ကန်ရာဇီခန်းမကျင်းပခဲ့သည်။


အခမ်းအနားတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ကချင်ပြည်နယ်ဥပဒေချုပ် ဦးဒီဆင်ရမ်က နိုင်ငံတော် အစိုးရ၏မူဝါဒ တစ်ရပ်ဖြစ်သော တရားဥပဒေစိုးမိုးရေးဆောင်ရွက်ရာတွင်     ပြည်သူတစ်ရပ်လုံးပူးပေါင်းပါဝင်မှ အောင်မြင်မည်ဖြစ်ပါကြောင်း ၊ အစိုးရ၏မူဝါဒများ အကောင်အထည်ဖော်ရာတွင်   အဓိကအခြေခံကျသူများမှာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ ဖြစ်သောကြောင့် အခြေခံဥပဒေအတိုင်း   တိကျစွာဆောင်ရွက်ကြရန်လို အပ်ကြောင်း ၊ ပူတာအိုဒေသလမ်းပန်း ဆက်သွယ်ရေးကောင်းမွန်ရန်နှင့်လျှပ်စစ်မီးရရှိရေးကို   ပြည်နယ်အစိုးရ မှအဓိကထားဆောင်ရွက်ပေးနေကြောင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာသောရပ်မိရပ်ဖများ ၊ နိုင်ငံရေးပါတီများ၏တင်ပြမှုများအပေါ်  ကချင်ပြည် နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများက ရှင်းလင်းဖြေကြားသည်။

အဆိုပါအခမ်းအနားသို့ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်မိရပ်ဖများနှင့်နိုင်ငံရေးပါတီများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

ခရိုင် (ပြန်/ဆက်)  


No comments:

Post a Comment