ငါးသိုင်းချောင်း ဖေဖော်ဝါရီ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊
ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့အတွင်းရှိ ကျေးရွာစာကြည့်တိုက် ၅ တိုက်သို့ မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ရှိ လစဉ်စာအုပ်စာစောင်
အလှူရှင်များ စုပေါင်းလှူဒါန်းသော စာအုပ်စာစောင်များအား ထပ်ဆင့်လှူဒါန်းပွဲကို ဖေဖော်ဝါရီလ
၂၃ ရက်နေ့ နံနက်ပိုင်းက အဆိုပါရုံးရှိ ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌
ကျင်းပပေးအပ်ခဲ့ပြီး မြို့ပေါ်ရှိ ဌာနဆိုင်ရာများ/ ကျေးရွာ စာကြည့်တိုက်ကြီးကြပ်မှုကော်မတီဝင်များနှင့်
စာပေဝါသနာရှင်များတက်ရောက်ခဲ့ကြသည်။
အခမ်းအနား၌ မြို့ပြန်/ဆက်ဦးစီးမှူး
ဒေါ်လဲ့လဲ့ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြည်သူ့စာကြည့်တိုက် စာငှား/စာဖတ် အများဆုံးဆုရ
မနှင်းမြတ်ဝေအား အမှတ်တရဆုချီးမြှင့်ပေးအပ်ခဲ့ကြောင်းနှင့် ဆက်လက်၍ ရှင်သန်ခိုင်မာလျက်ရှိသော
ဘုရားကုန်း၊ ကျောက်ချောင်း၊ ကွင်းချောင်း၊ ဆိတ်ချေးကုန်းနှင့် သဘော့ကျေးရွာများရှိ
ကျေးရွာ စာကြည့်တိုက်များအတွက် စာအုပ်စာစောင်စုစုပေါင်း (၈၀၀)အုပ်အား လှူဒါန်းပေးအပ်နိုင်ခဲ့ကြောင်း
သတင်းရရှိပါသည်။
စိုးမင်းဦး(ပြန်/ဆက်)
စိုးမင်းဦး(ပြန်/ဆက်)

No comments:
Post a Comment