မိတ္ထီလာ ဖေဖော်ဝါရီ ၂၃
မန္တလေးတိုင်းဒေသကြီး၊ သာစည်-မြင်းခြံရထားလမ်းပိုင်းမိုင်တိုင် အမှတ် ၃၂၀/၄နှင့်
၃၂၀/၅ကြားရှိ မိတ္ထီလာမြို့ အရှေ့ပြင်ဈေးရပ်ကွက် ပွဲစားတန်းနယ်မြေအတွင်း၌ မိုးရာသီတွင်
နှစ်စဉ်ရေနစ်မြုပ်မှုကြောင့် ရထားလမ်းအောက်ရှိ ရေပိုက်ပြွန်နေရာအားအကျယ် (၆)ပေရှိ (ရထားလမ်းကူး)မြောင်း
တံတားတစ်စင်း တည်ဆောက်ရန်အတွက် မီးရထားသွားလာမပျက်စေရန် ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နံနက်က
ယာယီသံလမ်းကူးတံတား တည်ဆောက်မှုနှင့်မြေသား ဖော်ထုတ်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိကြောင်း
သိရသည်။
၂၀၁၆-၂၀၁၇ဘဏ္ဍာနှစ်
စည်ပင်သာယာရေးအဖွဲ့ဘဏ္ဍာငွေဖြင့် သာစည်-မြင်းခြံရထားလမ်းပိုင်းမိုင်တိုင် အမှတ်၃၂၀/၄နှင့်၃၂၀/၅ကြားရှိ
မိတ္ထီလာမြို့အရှေ့ပြင်ဈေးရပ်ကွက်ပွဲစားတန်းနယ်မြေအတွင်း၌ မိုးရာသီတွင်နှစ်စဉ်ရေနစ်မြုပ်မှုကြောင့်
ရထားလမ်းအောက်ရှိ ရေပိုက်ပြွန်နေရာအားအကျယ် (၆)ပေရှိ (ရထားလမ်းကူး)မြောင်းတံတားတစ်စင်းဆောက်လုပ်သွားမည်ဖြစ်ရာ
၎င်းရထားသံလမ်းကူးနေရာ၌ မြန်မာ့မီးရထားအင်ဂျင်နီယာဌာနမှ ရထားသွားလာမှု မပျက်စေရန်အတွက်
ယာယီသံလမ်းတံတားတည်ဆောက်မှုနှင့် မြေသားဖော်ထုတ်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိပါကြောင်း
မြန်မာ့မီရထားအင်ဂျင်နီယာဌာနမှ ဦးဆန်းနိုင် အငယ်တန်း အင်ဂျင်နီယာ(၃) သံလမ်း/မိတ္ထီလာမှ
ပြောကြားခဲ့သည်။
မိတ္ထီလာ
(ပြန်/ဆက်)


No comments:
Post a Comment