Wednesday, February 22, 2017

သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်း လူငယ်ဆင့်ပွားသင်တန်းဖွင့်ပွဲကျင်းပ

ဗန်းမော် ဖေဖော်ဝါရီ  ၂၂
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ကချင်ပြည်နယ် အစိုးရအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ် သော သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်း လူငယ်ဆင့်ပွားသင်တန်းဖွင့်ပွဲကို ဖေဖော်ဝါရီ ၂၂ ရက် နံနက် ၉ နာရီက ကချင်ပြည်နယ် ဗန်းမော်ခရိုင်စိုက်ပျိုးရေး ဦးစီးဌာနရုံးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ကချင်ပြည်နယ်ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးမင်းသိန်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် အခမ်းအနားသို့ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ သင်တန်းသားများတက်ရောက်ကြပြီး မြန်မာနိုင်ငံတွင် ဆောင်ရွက်လျက်ရှိသော သဘာဝဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများအကြောင်း မှတ်တမ်းဗွီဒီယိုမှတ်တမ်းများအား ပရိုဂျက်တာဖြင့် ရှင်းလင်းပြသ၍ မီးဘေး၊ ရေးဘေး၊ ငလျင်ဘေး ပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့သည်။
အဆိုပါသင်တန်းတွင် ပြည်နယ်ဦးစီးမှူး ဦးမင်းသိန်း၊ ဗန်းမော်ခရိုင်ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမြင့်ဌေး၊ ခရိုင်မီးသတ်ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးစိုးမင်းခိုင်၊ ခရိုင်မိုးဇလဦးစီးမှူး ဦးတင်သောင်းနှင့် မြစ်ကြီးနားမြို့ ရွှေပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (IOM- International Organization For Migration) မှ စီမံကိန်းအရာရှိ ဦးဆန်မိုင်တို့က မီးဘေးကြိုတင်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေး၊ မိုးဇလဆိုင်ရာ အန္တရာယ်များ၊ ကြိုတင်သတိပေးစနစ်၊ ရပ်ရွာအခြေပြု သဘာဝဘေးစီမံခန့်ခွဲမှု၊ မြန်မာနိုင်ငံ၏ သဘာဝဘေးစီမံခန့်ခွဲမှုစနစ်၊ သဘာဝဘေးအန္တရာယ်နှင့် ကျန်းမာရေး၊ ရှေးဦးသူနာပြုစုခြင်း စသည့်သင်ခန်းစာများအား သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး ဗန်းမော်မြို့ပေါ်ရပ်ကွက်များမှ စေတနာ့ဝန်ထမ်း သင်တန်းသား (၃ဝ) ဦး တက်ရောက်ကြောင်း သင်တန်းကာလမှာ ဖေဖော်ဝါရီ ၂၂ ရက်မှ ၂၄ ရက်နေ့အထိ (၃) ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်     

No comments:

Post a Comment