ဝမ်းတွင်း၊
ဖေဖော်ဝါရီ ၂၂
မန္တလေးတိုင်းဒေသကြီး၊
ဝမ်းတွင်းမြို့နယ်အတွင်းရှိ ၂၀၁၆-၂၀၁၇ဘဏ္ဍာရေးနှစ် အတွင်း ဆောင်ရွက်လျက်ရှိသည့် ရွှေတောင်-ကြပ်ကန်-ကူနီမြေသားလမ်းခင်းခြင်းလုပ်ငန်းအား
ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နေ့လည် ၁နာရီက ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်
တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
၂၀၁၆-၂၀၁၇ဘဏ္ဍာရေးနှစ်တွင်
မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးကြပ်ပြီး မြန်မာ့ခေတ်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျှက်ရှိသည့်
ရွှေတောင်-ကြပ်ကန်-ကူနီ အရှည် ၅ မိုင် ၆ ဖာလုံရှိ မြေသားလမ်းခင်းခြင်းလုပ်ငန်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန
ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်း၊ တိုင်းဒေသကြီးမှ ညွှန်ကြားရေးမှူး ဦးမင်းဟန်နှင့်
တာဝန်ရှိသူ ကွင်းဆင်း စစ်ဆေးရာ ဒုတိယညွှန်ကြားရေးမှူးချုပ်မှ လမ်း မိုင်/ဖာလုံတိုင်များ
side slopeများ သေသပ်စွာ ဆောင်ရက်ရန်၊ Compaction ကောင်းစွာမရရှိသေးသော နေရာများတွင် သတ်မှတ်CRBရရှိအောင် ဂျင်းမြေဖြင့်ဖြန့်ခင်း၍ ရေဖြန်းစက်ကြိတ်သွားရန်
လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက်
ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့သည် မြို့နယ်ရုံးရှိ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး
အချင်းချင်း စည်းစည်းလုံးလုံးဖြင့်ဌာန၏ လုပ်ငန်းတာဝန်များကို အောင်မြင်စွာ ဆောင်ရွက်သွားရန်နှင့်
၄၀ပေလည် အမြင့် ၂၄ပေရှိ RC နှစ်ထပ်အမျိုးအစားဖြစ်သည့်
မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးရုံး အဆောက်အဦးဖွင့်လှစ်ရန် ပြင်ဆင် ဆောင်ရွက်ထားရှိမှု
အခြေအနေများကို ကြည့်ရှု့ပြီး လိုအပ်သည်များကို ဖြည့်စွာမှာကြားခဲ့ကြောင်း သတင်းရရှိသည်။
ခရိုင်
(ပြန်/ဆက်)


No comments:
Post a Comment