Wednesday, February 22, 2017

သာစည်မြို့နယ်၌ ၂၀၁၆ ရွာကြီး-ရွာပုလဲလေးလမ်း ကျောက်ချောလမ်းခင်းခြင်း လုပ်ငန်းအား တာဝန်ရှိသူများကွင်းဆင်းစစ်ဆေး

သာစည်၊ ဖေဖော်ဝါရီ ၂၂
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်အတွင်းရှိ -၂၀၁၇ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်လျှက်ရှိသည့် ရွာကြီး ရွာပုလဲလေး လမ်းကျောက်ချောလမ်းခင်းခြင်း လုပ်ငန်းအား ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နံနက် ၁၀နာရီက ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှကြီးကြပ်ပြီး ခိုင်ခန့်ဖြူစင်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက် လျှက်ရှိသည့် ရွာကြီး-ရွာပုလဲလမ်း အရှည် ၁ မိုင် လမ်းအကျယ် ၁၂ ပေ (၉လက္မထု) ရှိ ကျောက်ချော လမ်းခင်းခြင်းလုပ်ငန်းကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်း၊ တိုင်းဒေသ ကြီးမှ ညွှန်ကြားရေးမှူး ဦးမင်းဟန်နှင့် တာဝန်ရှိသူ ကွင်းဆင်းစစ်ဆေးပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်မှ ကုမ္ပဏီမှတာဝန်ရှိသူ များအား တွေ့ဆုံ၍ ၂၀၁၆-၂၀၁၇ခု ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းအားလုံးပြီးပြတ်အောင် ဆောင်ရွက်ရန်နှင့် မပြီးပြတ် သေးသော လုပ်ငန်းများအား နေ့စဉ်ကွင်းဆင်း၍ မြို့နယ်ဦးစီးမှူးမှ ကြီးကြပ်ဆောင်ရွက်ရန်နှင့် ခရိုင်ဦးစီးမှူးက တစ်ပတ် တစ်ကြိမ် ကွင်းဆင်းစစ်ဆေးရန် ပြောကြားခဲ့သည်။
ထို့နောက် ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့သည် အလျား ၄၀ ပေ၊ အနံ ၃၆ပေနှင့် အမြင့် ၂၄ ပေရှိ RC နှစ်ထပ် အမျိုးအစား ဖြစ်သည့် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးရုံး ဆောက်လုပ်နေမှုအား စစ်ဆေးပြီး မတ်လအတွင်းအပြီး ဆောက်လုပ် ရန်နှင့် ဝန်ထမ်းများ လမ်းတံတားလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးရာတွင် မြစိမ်းရောင်စီမံကိန်း ကျေးရွာများကိုလည်း စစ်ဆေးရန် ပြောကြားခဲ့ကြောင်း ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးရုံးမှ သိရသည်။

သိန်းမြင့်ကျော် (မိတ္ထီလာ)

No comments:

Post a Comment