လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ
ဆင်းရဲမှုလျှော့ချရေးအတွက် ဒေသဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော် ဆောင်ရွက်ရေး
စီမံကိန်းအဆင့်( ၁ )၊ JICA ODA Loan (Regional Development Project For Poverty
Reduction Phase – I) ဖြင့် ကျောက်ထုမြို့တွင် အကောင် အထည်ဖော်ဆောင်ရွက်ခဲ့သည့် (၆၆/၁၁)ကေဗွီ(၅)အမ်ဗွီအေ
ဓာတ်အားခွဲရုံအား (၃၀.၁.၂၀၁၇)ရက်နေ့ မွန်းတည့် ၁၂နာရီက(၆၆)ကေဗွီပေါက်-ကျောက်ထုဓာတ်အားလိုင်းမှတဆင့်
ဓာတ်အားလက်ခံရယူကာ (၁၂:၃၀)နာရီတွင် (၁၁)ကေဗွီလိုင်းများနှင့် (၁၄:၃၀)နာရီတွင် (၁၁/၀.၄)ကေဗွီ
(၂၀၀)ကေဗွီအေဓာတ်အားခွဲရုံ ( ၄ )ရုံအားဓာတ်အားပို့လွှတ်ခဲ့ပြီး ကျောက်ထုမြို့နယ်အတွင်းဓာတ်အားစနစ်ဖြင့်
စတင်ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးခဲ့သည်။
ကျောက်ထုမြို့နယ်အတွင်းယခင်
(၃၀၀×၂)ကေဗွီအေဒီဇယ်ဓာတ်အားပေးစက်မှ ဓာတ်အားဖြန့်ဖြူးပေးစဉ် မီးသုံးသူဦးရေ (၅၁၈)ဦးရှိပြီး၊
ဓာတ်အားစနစ်ဖြင့် ဓာတ်အားဖြန့်ဖြူးပေးပါကနောက်ထပ် မီတာအသစ် လျှောက်ထားသူ (၂၃၂)ဦးစုစုပေါင်း
(၇၅၀)ဦးထိဓာတ်အားတိုးတက် သုံးစွဲလာမည်ဖြစ်ပြီး၊ ဆေးရုံ ( ၁ )ရုံ၊ စာသင်ကျောင်း ( ၃
)ကျောင်းနှင့် ဆက်သွယ်ရေးစခန်း ( ၃ )ခုအားလည်းဓာတ်အားစနစ်မှ ဓာတ်အားဖြန့်ဖြူးပေးနိုင်ခဲ့သည်။
ယခင်ကကျောက်ထုမြို့နယ်အတွင်းဓာတ်အားသုံးစွဲသူများကိုဓာတ်အားပေးစက်ဖြင့်
တစ်နေ့လျှင်အချိန်(၂:၄၀)နာရီခန့်သာ ဓာတ်အားဖြန့်ဖြူးပေးနိုင်ခဲ့ရာမှ ယခုအခါ (၂၄)နာရီဓာတ်အားဖြန့်ဖြူးပေးနိုင်ပြီးဗို့အားအပြည့်အဝဖြင့်
ဓာတ်အား ပြတ်တောက်မှုနည်းပါးပြီးဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတိုးတက်လာတော့မည်ဖြစ်ပါသဖြင့်
ဒေသခံပြည်သူများ ဝမ်းမြောက်ဝမ်းသာရှိလျက်ရှိကြောင်း သိရှိရသည်။
ကျောက်ထုမြို့တွင်
၂၀၀၇ ခုနှစ် ဇန်နဝါရီ ၁၀ ရက်တွင် စက်အားဖြင့် လျှပ်စစ်မီးစတင်ရရှိခဲ့ရာမှ ၂၀၁၇ ခုနှစ်
ဇန်နဝါရီလ ၃၀ ရက်တွင် မဟာဓာတ်အားလိုင်းမှ အချိန်ပြည့်လျှပ်စစ်မီးရရှိမှုအပေါ် လျှပ်စစ်မီးကော်မတီအတွင်းရေးမှူး
ဦးမြင့်ဟန်က “အင်မတန်အားရကျေနပ်ပါတယ်၊ အလင်းရောင်အတွက်သာမက ဆက်စပ်လုပ်ငန်းများလဲ ဆောင်ရွက်နိုင်ပြီဖြစ်လို့
ဒေသဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ပါတယ်” ဟု လျှပ်စစ်မီးလင်းရေး ကော်မတီအတွင်းရေးမှူး ဦးမြင့်ဟန်က
ပြောသည်။
မြို့နယ်
(ပြန်/ဆက်)

No comments:
Post a Comment