Friday, February 24, 2017

မတ္တရာမြို့နယ်တွင် လျှပ်စစ်(၁၁/ဝ.၄)ကေဗွီ (၂ဝဝ) ကေဗွီအေ ထရန်စဖော်မာ အသစ်(၁)လုံးတည်ဆောက်ပြီးစီး

မတ္တရာ ဖေဖော်ဝါရီ ၂၄
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် လျှပ်စစ်သုံးစွဲသူ ပြည်သူများ ဗို့အားပြည့်ဝစွာ အသုံးနိုင်ရေးအတွက် မတ္တရာမြို့၊ အမှတ်(၄)ရပ်ကွက်တွင် (၁၁/ဝ.၄)ကေဗွီ (၂ဝဝ) ကေဗွီအေ ထရန်စဖော်မာ တစ်လုံး တပ်ဆင်ဆောင်ရွက် ခဲ့ကြောင်းသိရသည်။

အဆိုပါ ရပ်ကွက်တွင်(၁၁/ဝ.၄)ကေဗွီ (၂ဝဝ)ကေဗွီအေ ထရန်စဖော်မာ တည်ဆောက်ပြီးစီးပြီဖြစ်သောကြောင့် မီးသုံးစွဲသူ ပြည်သူများမှာ လျှပ်စစ်ဓာတ်အားပြည့်မီစွာဖြင့် အသုံးပြုနိုင်တော့မည်ဖြစ်သည်။ ယခင်က အခြားရပ်ကွက်ရှိ ထရန်စဖော်မာမှ ချိတ်ယူသုံးစွဲရသည့်အတွက် မကြာခဏ မီးပြတ်တောက်မှုများ၊ ဗို့အားကျဆင်းခြင်းများ ဖြစ်ပေါ်ခဲ့ပြီး လျှပ်စစ်အန္တရာယ်ဖြစ်ပေါ်မှု များစိုးရိမ်ရကြောင်းနှင့် လျှပ်စစ်မီးရရှိတော့မည်ဖြစ်သောကြောင့် ရပ်ကွက်နေပြည်သူများမှာ ပျော်ရွှင်ဝမ်းသာလျှက်ရှိကြောင်း သိရသည်။

စိုးကျော်သူထွေး(မတ္တရာ)

No comments:

Post a Comment