ကနီ ဖေဖော်ဝါရီ ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊
ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်တွင် မိုးကြိုပဲတီစိမ်းရေဆင်း (၁၁) မျိုးစေ့ထုတ်ကွက် တောင်သူများ
အတွက် မျိုးစေ့များပေးအပ်ပွဲကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ဖေဖော်ဝါရီ
၂၃ ရက်ရက်က ကျင်းပကြောင်း သိရသည်။
အဆိုပါ မျိုးစေ့ပေးအပ်ပွဲတွင်
ယင်းမာပင်ခရိုင် ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးသန်းထွန်းမှ အဖွင့်အမှာစကား ပြောကြားပြီး
ခရိုင် မျိုးစေ့တာဝန်ခံ ဒေါ်စန္ဒာမိုးက မိုးကြိုပဲတီစိမ်းရေဆင်း(၁၁) မျိုးစေ့ထုတ်စိုက်ပျိုးမည့်
တောင်သူများအနေဖြင့် တစ်ဧကအတွက် အထွက်နှုန်းများမြင့်မားရေး၊ မျိုးကောင်းမျိုးသန့်များကို
ပြောင်းလဲစိုက်ပျိုးနိုင်ရန်နှင့် မျိုးစေ့ထုတ်နည်းပညာများကို လိုက်နာ ဆောင်ရွက်ပြီး
မြို့နယ်စိုက်ပျိုးရေးဌာနမှ ၀န်ထမ်းများ၏လမ်းညွှန်ချက်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့်
အရည်အသွေးပြည်ဝ သည့် အထွက်နှုန်းများတိုးမြင့်ပြီး မျိုးကောင်းမျိုးသန့်များထွက်ရှိ
လာမှာဖြစ်ကြောင်း အသိပညာပေးရှင်းလင်း ဆွေးနွေးပြောကြား သည်။
"ကျွန်မတို့
မြို့နယ်အနေဖြင့် ချိုင်ကျေးရွာအုပ်စု၊ သရက်ပင်ကျေးရွာတွင် နှစ်စဉ်မိုးကြိုပဲတီစိမ်းကို
ရေများတင်ပြီး စိုက်ပျိုးခြင်း ဖြစ်၍ ဒီနှစ်မိုးကြိုပဲတီစိမ်း စိုက်တောင်သူများအတွက် ကျွန်မတို့ဌာနကနေ ယင်းသရက်ပင်ကျေးရွာမှ တောင်သူ
(၁၇) ဦး၏ မျိုးစေ့ထုတ်ကွက်ဧက (၂၀) အတွက် တစ်ဧကကို မိုးကြိုပဲတီစိမ်း ရေဆင်း (၁၁) မျိုး
လေးပြီနှုန်း ထုတ်ပေးသွားမှာဖြစ်ပါတယ်။ ဒီမျိုးစေ့ထုတ်တောင်သူများကိုလည်း ကျွန်မတို့အနေဖြင့်
စနစ်တကျစိုက်ပျိုးနိုင်ရေး၊ တောင်သူများအားလိုအပ်သည့် နည်းပညာ များပံ့ပိုပေးသွားမှာဖြစ်ပါတယ်"ဟု
မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်ခင်လေးနွယ်က ပြောကြားသည်။
ယင်းနောက် သရက်ပင်ကျေးရွာမှ
တောင်သူများအား မိုးကြိုပဲတီစိမ်းရေဆင်း (၁၁) မျိုးစေ့များကို ခရိုင်ဦးစီးမှူးနှင့်
တာဝန်ရှိ သူများက အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
သန်းဌေးအောင်(ကနီ)
No comments:
Post a Comment