Thursday, February 2, 2017

ရွေ့ပြောင်းသွားလာခြင်းဆိုင်ရာ လုပ်ငန်းစီမံကိန်း (၂၀၁၇) ရေးဆွဲအတည်ပြုရေး အစည်းအဝေးကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၁
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ILO တို့ ပူးပေါင်းကျင်းပသော Labour Migration Stakeholders အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်၊ သင်္ဂဟဟိုတယ်၌ ကျင်းပခဲ့ရာအလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေတက်ရောက်၍ အမှာစကား ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ILO/ IOM တို့နှင့် ပူးပေါင်း၍ ရွှေ့ပြောင်းသွားလာမှု ထောက်ပံ့ကူညီရေးဗဟိုဌာနများ (Migrant Resources Center-MRC) ကိုမြို့နယ် အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးများတွင် ဖွင့်လှစ်ခဲ့ပါ ကြောင်း၊အဆိုပါ MRC ရုံးများဖွံ့ဖြိုးတိုးတက်ပြီး ဝန်ဆောင်မှုပေးနိုင်ရန်အတွက် ILO / IOM တို့မှလည်း ဝိုင်းဝန်းကူညီပြီး အလုပ်သမားရွေ့ပြောင်း သွားလာမှုဆိုင်ရာ Baseline Survey အတွက်လည်း အချင်းချင်းပူးပေါင်း ဆောင်ရွက်စေလိုပြီး ဆောင်ရွက်ပြီးစီးမှုများကိုလည်း ပြန်လည်မျှဝေ ပေးစေလိုပါကြောင်း၊
ယနေ့ကမ္ဘာတွင် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးသည် အရေးပါသောကြောင့်မိမိတို့ နိုင်ငံအနေဖြင့် ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်များကိုချမှတ် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာတွင် ပြည်သူလူထု၏လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမှု လျော့ချနိုင်ရေးတို့အတွက် အလုပ်လုပ်နိုင်သည့် အရွယ်ရောက်သူတိုင်း အလုပ်အကိုင် ရရှိရေး၊ နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေး မူဝါဒများနဲ့အညီ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနအနေဖြင့် အရည်အချင်းပြည့်ဝသော လူစွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သင်တော် ကောင်းမွန်သည့် အလုပ်အကိုင်ဆိုင်ရာ မူဝါဒများကိုချမှတ်ကာ အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိပါကြောင်း၊ ကျွမ်းကျင်မှုရှိပြီး စည်းကမ်းပြည့်ဝသောလုပ်သားထုဖြစ်ပေါ်လာရေး၊ ရေရှည်တည်မြဲသော အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေး၊ အလုပ်သမားအရင်းအမြစ်များနှင့် သင့်တော်ကောင်းမွန်သော အလုပ်အကိုင်အခွင့်အလမ်းများကို စနစ်တကျ စီမံခန့်ခွဲနိုင်ရေးတို့အတွက် သင်တန်းများ ဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါကြောင်း၊
မြန်မာနိုင်ငံ၏ ရွှေ့ပြောင်းအလုပ်သမားရေးရာ ကိစ္စရပ်များအပေါ် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့၏ လက်ရှိ ကူညီပံ့ပိုးမှုများကို အလေးထားပါကြောင်းနှင့် မလေးရှားနိုင်ငံ၊ ထိုင်းနိုင်ငံတို့မှာ ရောက်ရှိအလုပ်လုပ်ကိုင်နေကြသော မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်နိုင်ရေး အပြည်ပြည်ဆိုင်ရာ အလုပ်သမား ရေးရာအဖွဲ့၏ အကူအညီများ ကိုဆက်လက်ပြီး ထိထိရောက်ရောက် ပံ့ပိုးပေးသွားမည်ဟု ယုံကြည်မျှော်လင့် ပါကြောင်း ပြောကြားသည်။
ထို့နောက် အစည်းအဝေးကို ဆက်လက်ကျင်းပခဲ့ရာ တက်ရောက်လာသူများမှ ဝိုင်းဝန်းဆွေးနွေးကြကြောင်း သတင်း ရရှိသည်။

(သတင်းစဉ်)

No comments:

Post a Comment