Wednesday, February 22, 2017

၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် မူလခန့်မှန်းခြေငွေစာရင်းရေးဆွဲခြင်းဆိုင်ရာ ကိစ္စရပ်များအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ပုသိမ် ဖေဖော်ဝါရီ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်မြို့တွင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် မူလခန့်မှန်းခြေ ငွေစာရင်း ရေးဆွဲခြင်း ဆိုင်ရာ ကိစ္စရပ်များအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၁း၀၀)နာရီ က တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခမ်းမ ( ၂ ) ၌ ကျင်းပသည်။

ရှေးဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းဌေးက အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ တိုင်းဒေသကြီး ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန တိုင်းဦးစီးမှူး ဦးသန်းရီ က ဘဏ္ဍာရေးနှစ်ကျော်လွန် သုံးစွဲငွေများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးသည်။ ၄င်းနောက် တက်ရောက်လာကြ သော တိုင်းအဆင့် ဌာနဆိုင်ရာများ က ဆွေးနွေးကြပြီး ၊ ဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားကာ ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းဌေး ၊ တိုင်းအဆင့်ဌာနအကြီးအကဲများ တက်ရောက်ခဲ့ပြီး  ပြည်ထောင်စုနှင့် တိုင်းဒေသကြီး / ပြည်နယ်များရှိ  အချို့  ဌာန ၊ အဖွဲ့အစည်းများ အနေဖြင့် ငွေလုံးငွေရင်း အသုံးစရိတ်ဖြင့် ဆောင်ရွက်သည့် ဆောက်လုပ်ရေး လုပ်ငန်းများတွင် လုပ်ငန်းပမာဏ များပြား၍ ဘဏ္ဍာရေးနှစ် ကျော်လွန်မှ လုပ်ငန်းပြီးစီးသည့် ကိစ္စရပ်များ ၊ နိုင်ငံခြားမှ မှာယူသည့် ပစ္စည်းများအတွက် မတ်လ၌  နိုင်ငံခြားမှ ပစ္စည်းများ အမှန်တကယ်ပေးပို့၍ ဘဏ္ဍာရေးနှစ် ကျော်လွန်ပြီး မှ ပစ္စည်းများကျော်လွန်ရောက်ရှိသည့် ကိစ္စရပ်များ ၊ ဘဏ္ဍာရေးနှစ် မကုန်ဆုံးပြီး ငွေပေးခြေရန် အခက်အခဲများ ဖြစ်ပေါ်လျှက်ရှိကြောင်းတို့ကို ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

ခရိုင် ( ပြန် / ဆက် ) 

No comments:

Post a Comment