နတ်တလင်း ဖေဖော်ဝါရီ ၆
ပဲခူးတိုင်းဒေသကြီး နတ်တလင်းမြို့တွင်
ဖေဖော်ဝါရီ ၆ ရက် နံနက် ၅ နာရီ ၂၀ က မီးလောင်မှုတစ်ရပ် ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ ပဲခူးတိုင်းဒေသကြီး
သာယာဝတီခရိုင် နတ်တလင်းမြို့ ရွာမရပ်ကွက် ဇေယျာလမ်း အိမ်အမှတ် ၁၂၄ ဦးကျန်ငွေ (ခေါ်)ဦးရန်းလေး၏
နေအိမ်တွင် ဘုရားမီးပူဇော်ထားသော လျှပ်စစ်မီးမှ ဝါယာရှော့ ဖြစ်ပြီးအနီးရှိ ထရံအား မီးစွဲလောင်ခြင်းဖြစ်သည်။
မီးလောင်မှုမှာ ၅နာရီ၂၀တွင်
စတင်ဖြစ်ပွားခဲ့ပြီး ၅နာရီ ၃၀ တွင် မီးညွန့်ကျိုးသွားသည်။ မီးလောင်ရာသို့ နတ်တလင်းမြို့နယ်
မီးသတ်တပ်ဖွဲ့မှ ကား၎စီးဖြင့် မီးငြှိမ်းသတ်ခဲ့ပြီး နေအိမ်တစ်လုံး မီးလောင်ကျွမ်းခဲ့၍
လူနှင့်တိရိစ္ဆာန်များ အသေအပျောက်မရှိကြောင်း သတင်းရရှိသည်။
မြို့နယ် (ပြန်/ဆက်)


No comments:
Post a Comment