Friday, February 3, 2017

စာဖတ်ရှိန်မြှင့်တင်ရေးနယ်လှည့်စာကြည့်တိုက်ဖြင့် အသိပညာပေး


ကျိုက်ထို ဖေဖော်ဝါရီ ၃
ကျိုက်ထိုမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီးမှူးနှင့်ဝန်ထမ်းများသည်မြို့နယ်အတွင်းရှိပြည်သူများ စာပေလေ့လာဖတ်ရှုပြီး စာဖတ်သည့်အလေ့အကျင့်ကောင်းများဖြစ်လာစေရန် ကျေးရွာများသို့ကွင်းဆင်း၍နယ်လှည့်စာကြည့်တိုက်ဖြင့်စာဖတ်ရှိန်မြှင့်တင်ရေးကို ဖော်ဆောင်ပေးလျက်ရှိရာဖေဖေါ်ဝါရီ ၃ ရက်နံနက် ၁၁ နာရီခွဲတွင် ကျိုက်ထိုမြို့နယ်ကင်မွန်းချောင်းကျေးရွာအုပ်စု တကေးချောင်းဖျားကျေးရွာ မင်းသားလေးဘုန်းတော်ကြီးကျောင်း၌ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်၍ စာဖတ်ရှိန်မြှင့်တင်ရေးကိုဆောင်ရွက်ခဲ့သည်။

စာဖတ်ရှိန်မြှင့်တင်ရေးဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်းမော်မှ စာဖတ်ရှိန်မြှင်တင်ရေးအတွက် နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ရခြင်း ရွယ်ရည်ချက်ကို ရှင်းလင်းပြောကြားပြီး ကျေးရွာစာကြည့်တိုက် ရှင်သန်ခိုင်မာရေး နှင့်ပတ်သက်၍ လုပ်ဆောင်ရမည့်လုပ်ငန်းစဉ်များကို ပြောကြားခဲ့သည်။
ယင်းနောက်စာဖတ်ဝိုင်းများပြုလုပ်၍ အပြန်အလှန်ဆွေးနွေးကြပြီးပြသထားသည့်နိုင်ငံတော်အကြီးအကဲများ၏စွမ်းဆောင်မှု မှတ်တမ်းဓါတ်ပုံများနှင့် နံရံကပ်စာစောင်များကို ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)

No comments:

Post a Comment