မုံရွာ ဖေဖော်ဝါရီ ၆
၂၀၁၇
ခုနှစ်၊ ဖေဖော်ဝါရီလ(၆)ရက်နေ့ နံနက် ၃ နာရီခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊
ချမ်းမြသာစည်ရပ်ကွက်၊ ယင်းမာမြိုင်လမ်း၊ ယင်းမာမြိုင်သီလရှင်ကျောင်းတွင် မီးလောင်မှု
ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ
အဆိုပါ သီလရှင်ကျောင်းရှိ (၃၆x၃၆) ပေ သွပ်မိုး၊ ပျဉ်ခင်း၊ RC (၃)ထပ် ဆောင်မှ စတင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး
မီးလောင်မှုဖြစ်ပွားရာသို့ တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးမင်းစမ်းအေး၊ မုံရွာမြို့နယ်
မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးညီညီဇော်တို့ ဦးဆောင်၍ မီးငြှိမ်းသတ်ယာဉ် (၅) စီး၊
ရေသယ်ယာဉ်(၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၂၈)ဦးဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ နံနက်
၃ နာရီ ၄၀ မိနစ်အချိန်တွင် မီးလုံးဝ ငြိမ်းသွားကြောင်း သိရသည်။
ဖြစ်စဉ်အကြောင်းအရင်းကို
ဆက်လက်စစ်ဆေးလျက်ရှိပြီး လူနှင့်တိရစ္ဆာန် အသေအပျောက်မရှိကြောင်း သတင်းရရှိသည်။
(ခရိုင်ပြန်/ဆက်)


No comments:
Post a Comment