Monday, February 6, 2017

ပြည်ထောင်စုနေ့အကြို ဝန်ကြီးဌာနပေါင်းစုံ လျှပ်တစ်ပြက် အပျော်တမ်းဂေါက်သီးရိုက်


နေပြည်တော် ဖေဖော်ဝါရီ ၅
ပြည်ထောင်စုနေ့အကြို ဝန်ကြီးဌာနပေါင်းစုံ လျှပ်တစ်ပြက် အပျော် တမ်း ဂေါက်သီး ရိုက်ပြိုင်ပွဲကို ယနေ့နံနက် ပိုင်းတွင် နေပြည်တော် မြို့တော်ဂေါက်ကွင်း၌ကျင်းပရာ ဒုတိယ သမ္မတဦးမြင့်ဆွေ တက်ရောက် ဖွင့်လှစ်ပေးသည်။

စတင်ယှဉ်ပြိုင်
နံနက် ၆ နာရီတွင် ဒုတိယသမ္မတ ဦးမြင့်ဆွေသည် ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းတို့နှင့်အတူ တီခုံအမှတ် (၁)မှ စတင်ယှဉ်ပြိုင်ကစားသည်။
၂၁ သင်း ပါဝင်
လျှပ်တစ်ပြက် အပျော်တမ်းဂေါက်သီးရိုက်ပြိုင်ပွဲသို့ နိုင်ငံတော် သမ္မတရုံး၊ နိုင်ငံတော်အတိုင်ပင်ခံရုံး၊ ပြည်ထောင်စု တရား လွှတ်တော်ချုပ်ရုံး၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် နေပြည်တော် ကောင်စီ တို့မှ ပြိုင်ပွဲဝင်အသင်းပေါင်း ၂၁ သင်း ပါဝင် ယှဉ်ပြိုင်ကြသည်။
ဆုများ ပေးအပ်
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် တာဝန်ရှိသူများက တစ်ဦးချင်းဆုနှင့် အသင်းလိုက် ဆုများ ကိုပေးအပ်ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment