နေပြည်တော်
ဖေဖော်ဝါရီ ၅
အကြိမ်(၇၀)မြောက် မွန်အမျိုးသားနေ့ အကြို
ညစာစားပွဲအခမ်းအနားကို ယနေ့ညနေ ၆ နာရီခွဲ တွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည် အဆိုင်ရာ
ကွန်ဗင်း ရှင်း ဗဟိုဌာနအမှတ်(၂)၌ ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်
တက်ရောက်၍ ဂုဏ်ပြု အမှာစကား ပြောကြားသည်။
ရှေးဦးစွာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည်
ကွန်ဗင်းရှင်းဗဟိုဌာနအတွင်း ခင်းကျင်း ပြသထားသည့် မွန်ရှေး ဟောင်းပစ္စည်းများနှင့် ဓာတ်ပုံမှတ်တမ်း
များ ပြခန်းနှင့် မွန် တိုင်းရင်းသား ရိုးရာဝတ်စုံများ အရောင်းပြခန်း များကို လှည့်
လည်ကြည့်ရှုသည်။
အခမ်းအနားတွင် သဘာပတိအဖွဲ့ဝင်များဖြစ်ကြ
သည့် ပြည်ထောင်စု ၀န်ကြီး နိုင်သက်လွင်၊ နိုင်မောင်မောင်သောင်း၊ မိစန်းနွဲ့၊ မိနွန်နှင့်
နိုင်မန်းကိုကိုကြီး တို့က နေရာယူကြပြီး အခမ်းအနားသို့ တက်ရောက် လာကြသူများနှင့်အတူ
မြန်မာနိုင်ငံတော်အလံ၊ မွန်အမျိုးသားအလံနှင့် ကျဆုံး လေပြီး သော အာဇာနည်ခေါင်းဆောင်ကြီးများကို
အလေးပြုကြသည်။
ထို့နောက် သဘာပတိ တိုင်းရင်းသားလူမျိုးများရေးရာ
ဝန်ကြီး ဌာန ပြည်ထောင်စု ၀န်ကြီး နိုင်သက်လွင်က နှုတ်ခွန်း ဆက်စကား ပြောကြား ရာ၌ မွန်အမျိုးသားအပေါင်းအနေဖြင့်
မည်သည့် နေရာဒေသသို့ ရောက်ရောက် မျိုးချစ်စိတ်ဓာတ် အပြည့်အ၀ဖြင့် မိမိတို့၏ စာပေ၊ ဘာသာစကား၊
ယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးတမ်း အစဉ်အလာများအား မြတ်နိုးထိန်းသိမ်း ဖော်ထုတ်ကြရန် တိုက်တွန်းလိုပါကြောင်း၊
ထို့အတူ တိုင်းရင်းသား အားလုံးက လိုလားတောင့် တနေကြသည့် ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်
သစ် ပေါ်ပေါက်လာရေး အတွက် နိုင်ငံတော်မှ ဦးဆောင်ကျင်းပ နေသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး
လုပ်ငန်းစဉ်များတွင် အခြား တိုင်းရင်းသား ညီအစ်ကိုမောင် နှမများ၊ အဖွဲ့အစည်းများနှင့်အတူ
တက်တက်ကြွကြွ ပူးပေါင်းပါဝင် ကြရန်လည်း တိုက်တွန်း ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည်က သမိုင်းဆိုသည်မှာ အင်မတန်မှ အရေးကြီးပါကြောင်း၊ ယခုခေတ်ကြီးတွင်
နည်း ပညာအရ ကမ္ဘာ့နိုင်ငံ အသီးသီး အကြား ဆက်သွယ်မှု အလွန် လွယ်ကူ ပါကြောင်း၊ အလွန် များပြားပါကြောင်း၊
ယခုလိုလွယ်ကူ များပြားလာ သည်နှင့် အမျှ မိမိတို့သည် တခြားနိုင်ငံ၊ တခြားလူမျိုး၊ တခြား
ယဉ်ကျေးမှု အကြောင်း ကို အများကြီးသိလာရပါကြောင်း၊ မိမိတို့ အချင်းချင်းအကြား ပိုမိုနီးစပ်မှု
ရှိလာ ပါကြောင်း။
မိမိတို့ ပြည်ထောင်စုကြီးကို ကြည့်လိုက်လျှင်
မိမိတို့ သည် ပြည်ထောင်စုနိုင်ငံ သူ နိုင်ငံသား များဖြစ်ပါကြောင်း၊ မိမိတို့၏ ပတ်ဝန်းကျင်၊
မိမိတို့၏မျိုးနွယ်ဖြစ် သည့် တိုင်းရင်းသားများ၏ အမျိုးအနွယ် လည်းဖြစ်ပါကြောင်း၊ မိမိတို့
မိသားစုများ ၏ မိသားစု ၀င်လည်းဖြစ်ပါကြောင်း၊ မိမိတို့ ကိုးကွယ်သည့် ဘာသာ ၏ ဘာသာဝင်လည်း
ဖြစ်ပါ ကြောင်း၊ မိမိတို့ပတ်ဝန်းကျင်အရ ကြီးပြင်း လာ သည့် ယဉ်ကျေးမှု၏ ပြုစုပျိုးထောင်မှု
အရ ဖြစ်ပေါ်လာသည့် လူသားများ လည်း ဖြစ်ပါ ကြောင်း။
အခြေခံအားဖြင့် မိမိတို့ လူသားများ၏ တိုးတက်ရေး၊
ကောင်းမွန်ရေးအတွက် လူသားများအပေါ် ကရုဏာ၊ မေတ္တာနှင့် ပြုစုပြီး လုပ်ဆောင်ခဲ့သည့် လုပ်ရပ်
များသည် မိမိတို့အတွက် ဂုဏ်ယူစရာ ဖြစ်ပါကြောင်း၊ ယင်းမှာ လူမျိုး မရွေး၊ နိုင်ငံမရွေး၊
ဘာသာ မရွေး ဂုဏ်ယူဖွယ်ရာကိစ္စဆိုသည်ကို ဘယ်လူ သားကမျှ ငြင်းပယ်မည်မဟုတ်ပါ ကြောင်း။
မွန်ယဉ်ကျေးမှုအရ ဟင်္သာဖိုက ဟင်္သာမကို ကျောပေါ်မှာ
တင်ထားသည် ဆိုသည်မှာ ညှာ တာခြင်း၊ ထောက်ထားခြင်း၊ အားရှိသူက အားနွဲ့သူကို ကရုဏာဖြင့်
ဖေးမထားခြင်း ဆိုသည့်အဓိပ္ပာယ်ရောက်သည်ဟု မိမိ မှတ်ယူပါကြောင်း၊ ယင်းမှာ မွန်ယဉ်ကျေးမှု၏
အခြေခံ သဘော တရား တစ်ခု ဖြစ်သည်ဆိုလျှင် မွန်တိုင်းရင်းသားများ အတွက် အင်မတန်မှ ဂုဏ်ယူ
စရာကိစ္စဖြစ်ပါကြောင်း၊ မိမိတို့၏ နိုင်ငံသည် ပြည်ထောင် စုကြီးဖြစ်သည် ဆိုသည်ကို ဘယ်တိုင်းရင်းသား
နှင့် တွေ့တွေ့ ကတိပေး ရန် မိမိအနေဖြင့် ဘယ်တော့မှ မမေ့ပါကြောင်း၊ မိမိတို့နိုင်ငံ
သည် ပြည်ထောင် စု နိုင်ငံ ဖြစ် ပါကြောင်း၊ သို့ဖြစ်၍ မိမိတို့ အားလုံး စည်းစည်း လုံးလုံး
နေရမည်၊ တစ်ဦးနှင့် တစ်ဦး၏ ယဉ်ကျေးမှုကို လေးစားရမည်၊ တန်ဖိုးထားရမည်၊ ကိုယ့်ယဉ်ကျေးမှု
ကို ကိုယ်ထိန်းသိမ်း၊ ကိုယ်ဂုဏ်ယူသလို တစ်ခြားပုဂ္ဂိုလ် များ၏ ယဉ်ကျေးမှု၊ တစ်ခြားသူ
များ၏ လုပ်ထုံးလုပ်နည်းများကို အထင်သေး ရန် မရှိပါကြောင်း။
မိမိတို့နိုင်ငံ၊ မိမိတို့ပြည်ထောင်စု၏
ဂုဏ်သိက္ခာဆိုသည်မှာ မိမိ တို့ နိုင်ငံ သူ နိုင်ငံသား များ အားလုံး၏ ဂုဏ်သိက္ခာပင်ဖြစ်ပါကြောင်း၊
ဂုဏ်သိက္ခာရှိရန်အတွက် မိမိတို့နိုင်ငံကို ဒီမိုကရေစီနိုင်ငံ အနေဖြင့် ထူထောင်လိုခြင်း
ဖြစ်ပါကြောင်း၊ ဒီမိုကရေစီ စနစ် သည် နိုင်ငံသူ နိုင်ငံသားများ၊ ပြည်သူပြည်သားများများ၏
ဂုဏ်သိက္ခာကို လေးစားရသည့် စနစ် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးသည်
ခွဲခြား၍ မရခြင်းဖြစ်ပါကြောင်း၊ လူသားများ၏ ဂုဏ်သိက္ခာကို တန်ဖိုးမထားလျှင် စစ်မှန်သည့်
ဒီမိုကရေစီ စနစ် ဟု ပြော၍မရပါကြောင်း၊ ထို့ကြောင့် မိမိတို့ ယခုလို တိုင်းရင်းသားများနှင့်
စုစည်းပြီး တိုင်းရင်းသားများ၏ ရိုးရာ ယဉ်ကျေးမှုအရ၊ သမိုင်းအရ ပွဲများကို ဆင်နွှဲရသည်ဆိုလျှင်
မိမိတို့၏ ပြည်ထောင်စုကြီးသည် မတူကွဲပြားမှုမှ ထူထောင်ထားသည့် အင်မတန်မှ ပျော်ရွှင်ဖွယ်ရာ၊
တန်ဖိုးထားဖွယ်ရာ အစု အစည်းကြီး ပါလားဟု မိမိတို့ နှလုံးသွင်းမိပါကြောင်း။
မွန်အမျိုးသားနေ့လို သမိုင်းကို အခြေခံသည့်
သမိုင်းမှ ဖြစ်ရပ်များကို ဂုဏ်ယူ သောအားဖြင့် မိမိတို့ အားလုံးဝိုင်းဝန်းပြီး မွန်တိုင်း
ရင်းသားများ အတွက်၊ မိမိတို့၏ ပြည်ထောင်စုအတွက် အားပြည့်၊ အားဖြည်သည့်နေ့မျိုးဟု မှတ်ယူ
ပါကြောင်း၊ မိမိတို့ တိုင်းရင်းသားများ တစ်ယောက်နှင့် တစ်ယောက် တွေ့တိုင်းတွေ့တိုင်း
ပြည်ထောင်စုကြီး ပိုပြီး ညီညွတ်ရန်၊ ပိုပြီး တိုးတက်ရန်၊ ပိုပြီး အင်အားရှိရန် လုပ်ပေးနိုင်မည့်
အခွင့်အရေးတစ်ခု ရသည်ဟု မှတ်ယူ ပါကြောင်း၊ ထို့ကြောင့် ဒီနေ့ မိမိတို့ ယခုလို ဆုံစည်းကြခြင်းဖြစ်ပါကြောင်း၊
နောက်နေ့များလည်း ဆက်ပြီး ဆုံတွေ့ရမည်၊ မိမိတို့ သည် အမြဲ အတူတကွ လက်တွဲပြီး မိမိတို့ပြည်ထောင်စုကြီး
အတွက် လုပ်သွားရမည် ဖြစ်ပါကြောင်း၊ မိမိတို့တွင် စိန်ခေါ်မှု အများအပြားရှိပါကြောင်း၊
သို့သော် စိန်ခေါ်မှုများ ရှိသလောက်ကို
မိမိတို့၏ အရည်အချင်းများလည်း မိမိတို့ မြှင့်တင် နိုင်မည့် အခွင့်အရေး ရပါကြောင်း၊
စိန်ခေါ်မှုများကို မိမိတို့ ရင်ဆိုင်သည့်အခါ၊ ကျော်လွှားသည့် အခါ မှန်မှန် ကန်ကန် ရင်ဆိုင်ကျော်
လွှားခြင်းအားဖြင့် မိမိတို့ ပြည်ထောင်စု၏ ဂုဏ်သိက္ခာကို တက်စေခြင်း သာမက ကိုယ့်တစ်ယောက်ချင်း
တစ်ယောက်ချင်း၏ အရည်အချင်းကို လည်း တက်စေပါကြောင်း၊ ထို့ကြောင့် ဘယ်လိုပင် အခက်အခဲနှင့်
ရင်ဆိုင်ရ ၊ ရင်ဆိုင်ရ၊ မိမိတို့ ပြည်ထောင်စု တိုင်းရင်းသားများ အားလုံးသည် သတ္တိရှိရှိ
ကိုယ့်ကို ကိုယ် ယုံကြည်မှု အပြည့် အ၀ဖြင့် လက်တွဲ၍ ဆက်လက်ပြီး ချီတက်သွားနိုင်မည်ဟု
ယုံကြည်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ အကြိမ်(၇၀)မြောက် မွန်အမျိုးသားနေ့
ကျင်းပရေးကော်မတီ (နေပြည်တော်) ဥက္ကဋ္ဌ မင်းဗညားစန်းက ကျေးဇူးတင်စကားပြောကြားသည်။
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် မွန်တိုင်းရင်းသားများနှင့်အတူ မွန် အမျိုးသားနေ့ အကြို တည့်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာကို သုံးဆောင် သည်။
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် မွန်တိုင်းရင်းသားများနှင့်အတူ မွန် အမျိုးသားနေ့ အကြို တည့်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာကို သုံးဆောင် သည်။
ဂုဏ်ပြုညစာသုံးဆောင်နေစဉ် မွန်တိုင်းရင်းသား
ရိုးရာယဉ်ကျေးမှုအဖွဲ့ဝင်များက မွန်တို့ ဂုဏ်ရည်၊ ရာမညဖိတ်စာ အပါအ၀င် မွန်တေးသီချင်းများ၊
မွန်ရိုးရာ အခြေခံအကများနှင့် ပေါင်းစပ် ဖွဲ့စည်း ထားပြီး ခေတ်အဆက်ဆက် ထိန်းသိမ်းတင်ဆက်ခဲ့သည့်
နွဲ့နှောင်းသွဲ့ပြောင်းလှသော မွန်တစ် ပင်တိုင်အက အပါအ၀င် မွန်ရိုးရာယိမ်း အကအလှများဖြင့်
ဖျော်ဖြေတင်ဆက်ကြသည်။
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က
မွန်တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု အဖွဲ့ များ အား ဂုဏ်ပြုပန်းခြင်းပေးအပ်၍ တက်ရောက်
လာကြသူများ နှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကြသည်။
မွန်လူမျိုးတို့ ပထမဟံသာဝတီ မြို့ပြနိုင်ငံတော်ကို
စတင် တည်ထောင်ခဲ့သော တပို့တွဲလ ပြည့်ကျော် ၁ ရက်ကို မွန်အမျိုးသားနေ့အဖြစ် သတ်မှတ်ကာ
၁၉၄၇ ခုနှစ်မှစတင်၍ နှစ်စဉ်ကျင်းပ လာခဲ့ခြင်းဖြစ်သည်။ မွန်အမျိုးသားတို့၏ ဇာတိသွေး၊
ဇာတိမာန်များ ရှင်သန်နိုးကြားရန်နှင့် မွန် စာပေ၊ မွန်ယဉ်ကျေးမှုကို ထိန်းသိမ်းဖော်ထုတ်
မြှင့်တင်လိုစိတ်များ မြင့်မားတိုးတက်လာစေရန် ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။
ယနေ့အခမ်းအနားသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ
ဦးဝင်းမြင့်နှင့် ဇနီး၊ ပြည်ထောင် စု လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ် များ လေ့လာ
ဆန်း စစ် သုံး သပ်ရေးကော်မရှင် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း နှင့်ဇနီး၊ ပြည်ထောင်စု ၀န်ကြီးများနှင့်
၎င်းတို့၏ ဇနီးများ၊ ပြည်သူ့ လွှတ်တော်နှင့် အမျိုးသား လွှတ်တော် ဒုတိယ ဥက္ကဋ္ဌများ၊ ပြည်ထောင်စုရှေ့နေ
ချုပ်၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မွန် တိုင်းရင်းသားများ
တက်ရောက်ကြသည်။


No comments:
Post a Comment