နေပြည်တော် ဖေဖော်ဝါရီ ၅
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ယမန်နေ့နံနက်ပိုင်းက
ပြည်ထောင်စု ၀န်ကြီး များ၊ ချင်းပြည်နယ် ၀န်ကြီးချုပ်၊ ဒုတိယ၀န်ကြီးများနှင့်အတူ တီးတိန်မြို့
မဏိပူရ မြစ်ကူး ကြိုးတံတား(တွီးထန်) တည်ဆောက်နေမှုကို သွားရောက်ကြည့် ရှုစစ်ဆေးပြီး တံတား
ကြံ့ခိုင်ရေးနှင့် ပြည်သူများဘေး အန္တရာယ် ကင်းရှင်းစွာ အသုံးပြုနိုင်ရေး အလေး ထား ဆောင်ရွက်ရန်
မှာကြားသည်။
ထို့နောက် ဖလမ်းမြို့သို့ရောက်ရှိကြပြီး
ဖလမ်းမြို့ ပြည်သူ့ဆေးရုံ တိုးချဲ့ဆောင် သစ် ဆောက်လုပ်မည့် မြေနေရာ၊ ခွဲစိတ်ဆောင်နှင့်
ဆေးဝါးကုသမှု အခြေအနေ များကို ကြည့်ရှုစစ်ဆေးပြီး ဆေးဝါးကုသမှု ခံယူနေသော လူနာများ ကို
အားပေးစကား ပြောကြား ကာ ထောက်ပံ့ငွေများ ပေးအပ် သည်။
ယင်းနောက် ဖလမ်းလေယာဉ်ကွင်းတည်ဆောက်ရေး
စီမံကိန်း သို့ ရောက်ရှိရာ စီမံကိန်း ရှင်းလင်းဆောင်၌ ဒုတိယ၀န်ကြီး ဦးကျော်မျိုး က
လေယာဉ်ကွင်း တည်ဆောက်မည့် မြေနေရာအား ကွင်းဆင်းလေ့ လာဆောင် ရွက်ခဲ့မှု၊ ဘဏ္ဍာငွေရရှိမှု
အပေါ်မူတည်၍ တည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်နေမှု၊ အရည်အသွေးကောင်း မွန်စေရန် လုပ်ငန်း
အရည်အသွေး ထိန်းသိမ်းရေးအဖွဲ့များဖြင့် ကြီးကြပ် ဆောင်ရွက်နေမှု၊ အနာဂတ် လေဆိပ်စီမံကိန်းများအတွက်ပါ
ထည့်သွင်း စဉ်းစား ဆောင် ရွက်ထားမှု၊ မြေသား လုပ်ငန်းများဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့်
ဆက်လက်ဆောင် ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ဒုတိယသမ္မတသည် စီမံကိန်းရှုရပ်မှနေ၍
ဖလမ်းလေယာဉ်ကွင်း တည် ဆောက်ရေးလုပ်ငန်းများ ပြီးစီးမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး
လုပ်ငန်းလိုအပ်ချက် များကို မှာကြားသည်။
ယင်းနောက် ဒုတိယသမ္မတသည် စိုက်ပျိုးရေးသိပ္ပံကျောင်း(လုံပီး)ဖွင့်ပွဲသို့
တက် ရောက်ပြီး ကမ္ဗည်းကျောက်စာတိုင်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေး သည်။
ထို့နောက် ကမ္ဗည်းကျောက်စာတိုင်ကို ဒုတိယသမ္မတနှင့်
အတူ ပြည်ထောင်စု ၀န် ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဒုတိယ၀န်ကြီးများက အမွှေးနံ့သာရည်
များပက်ဖျန်းပေး ကြ သည်။
အဆိုပါကျောင်းဖွင့်ပွဲ၌ ပြည်ထောင်စုဝန်ကြီး
ဒေါက်တာအောင်သူနှင့် ပြည်နယ် ၀န်ကြီးချုပ် ဦးဆလိုင်း လျန်လွယ်တို့က ချင်းပြည်နယ်အတွင်း
စိုက်ပျိုးရေး ကဏ္ဍနှင့် ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှု အခြေအနေများကို
ရှင်းလင်းပြောကြားကြသည်။
ယင်းနောက် ဒုတိယသမ္မတအား စိုက်ပျိုးရေးသိပ္ပံ(လုံပီး)
ကျောင်း အုပ်ဆရာကြီး က သောက်သုံးရေနှင့် စိုက်ပျိုးရေလိုအပ်ချက်၊ လက်တွေ့ခန်းနှင့်
ကျောင်းသုံး ပရိဘောဂ လိုအပ်ချက်များကို တင်ပြရာ ဒုတိယသမ္မတက လူးဆန်၊ စပ်ဆန် စသည့် နှံစား
သီးနှံစံပြစိုက်ကွက်များကို ဆောင်ရွက်သွားရန်မှာကြားသည်။
ထို့နောက် ဒုတိယသမ္မတသည် ဖလမ်းမြို့နယ်လူထုနှင့်
မြို့နယ်ခန်းမ၌ ရင်းရင်း နှီးနှီးတွေ့ဆုံ၍ ဒေသလို အပ်ချက်နှင့် ပြည်သူလူထု၏တင်ပြချက်များကို
တတ်နိုင် သမျှ ဆောင်ရွက်ပေးနိုင်ရန် မြေပြင်ပကတိအခြေအနေကို လာရောက်ကြည့်ရှုခြင်းဖြစ်ပါကြောင်း၊
အစိုးရအနေဖြင့် နိုင်ငံတော် တည်ဆောက်ရေးကို ဘက်ပေါင်းစုံ၊ နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက်နေ
ပါကြောင်း၊ တိုင်းပြည်တည်ငြိမ်အေးချမ်း မှုမရှိခြင်းသည် နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေးအတွက်များစွာအဟန့်အတားဖြစ်ပါကြောင်း၊
ထို့ကြောင့် ပြည်တွင်းအေးချမ်း တည်ငြိမ်မှုရှိအောင် အကောင်းဆုံး နည်းလမ်းသုံး၍ ဖြေရှင်းဆောင်ရွက်နေပါကြောင်း၊
တိုင်းပြည် တည်ငြိမ်အေးချမ်းရေး အတွက် တတ်နိုင်သည့်ဘက်က ပူးပေါင်း ပါဝင်ပေးကြရန် လည်း
တိုက်တွန်းပါကြောင်း။
ချင်းပြည်နယ်၏ အမှတ်သင်္ကေတ လက္ခာဖြစ်သည့်
အောက်ချင်းငှက်များ မျိုးမတုံး စေရေးနှင့် တောင်ဇလပ်ပင်များ အမြဲရှင်သန်ရေးအတွက် အားလုံးက
အမျိုးသားရေး တာဝန်တစ်ရပ်နေဖြင့် ၀ိုင်းဝန်းထိန်းသိမ်းပေးရန် လိုအပ် ပါကြောင်း၊ ထို့ပြင်
ချင်းပြည်နယ် ၏ ဒေသခံစားသုံး သီးနှံဖြစ်ခဲ့သည့် လူးဆန်နှင့် စပ်ဆန် စိုက်ပျိုးရေးကိုလည်း
ပြန် လည် ဆောင်ရွက်ကြစေ လိုပါကြောင်း ပြောကြားသည်။
တွေ့ဆုံပွဲတွင် ဖလမ်းမြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့်
ချင်း ပြည်နယ် လျှပ်စစ် ၀န်ကြီးတို့က ဖလမ်းမြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး လိုအပ်ချက်များနှင့်
မြို့ သောက်သုံး ရေပိုမိုသိုလှောင်နိုင်ရေး အတွက် ဆောင်ရွက် မည့်အစီအစဉ်များကို တင်ပြ
ကြပြီး ဒုတိယသမ္မတနှင့် တာဝန်ရှိသူများက ဖလမ်းမြို့နယ် ပညာရေး၊ ကျန်းမာရေး လုပ်ငန်းများ
အတွက် ငွေကျပ်သိန်း ၁၀၀၊ ဆိုလာနှင့် ဆက်စပ်ပစ္စည်းများ ကို ထောက်ပံ့ ပေးအပ်သည်။
မွန်းလွဲပိုင်းတွင် ဒုတိယသမ္မတသည် ဟာခါးမြို့သို့ရောက်ရှိပြီး
တီးမြစ်ပေါ်၌ ဆောက် လုပ် ထားသည့် ဟားခါးမြို့ ရေပေးဝေရေးစီမံကိန်းအား သွားရောက်ကြည့်ရှုစစ်ဆေးရာ
စီမံကိန်းတာဝန်ခံက လုပ်ငန်းဆောင် ရွက်ပြီးစီးမှု၊ ရေ၀ပ်ဧရိယာနှင့် ရေသိုလှောင်မှု၊ ရေ
အရည် အသွေးနှင့် ရေဖြန့်ဝေနိုင်ရေး အတွက် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်း များကို တင်ပြရာ
ဒုတိယသမ္မတက တမံကြံ့ခိုင်ရေးအတွက် စနစ်တကျဆောင် ရွက်မှုများ ပြုလုပ် ရန်နှင့် ပြည်သူများ
အတွက် ရေရှည် အကျိုးဖြစ်ထွန်းစေသည့် စီမံကိန်းဖြစ်ရန် လိုအပ် ကြောင်း ပြောကြားသည်။
ယင်းနောက် ဟားခါးကောလိပ်သို့ရောက်ရှိကြ
ရာ ကျောင်းအုပ် ဆရာမကြီး က ကောလိပ် တည်နေရာ၊ လက်ရှိဧရိယာနှင့် ထပ်မံတိုးချဲ့ရန် လိုအပ်သည့်
အကျယ်အ၀န်း၊ သင်ကြား ပို့ချနေသည့် ဘာသာရပ်များ၊ ဆရာဆရာမ အင်အား၊ တက်ရောက်နေသည့် ကျောင်းသား
ဦးရေ၊ လျှပ်စစ်မီး၊ ရေ၊ ၀န်ထမ်းအိမ်ရာ၊ ၀န်ထမ်းနှင့် ဓာတ်ခွဲခန်းသုံး ပစ္စည်းလိုအပ်ချက်များကို
တင်ပြသည်။
တင်ပြချက်များနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးများ၊
ပြည်နယ်ဝန်ကြီးချုပ်နှင့် ဒုတိယ၀န်ကြီးများက ပြန်လည် သုံးသပ်တင်ပြကြရာ ဒုတိယသမ္မတက လုပ်ငန်းလိုအပ်
ချက်များ ဖြည့်ဆည်းပေးနိုင်ရန် ပေါင်းစပ်ညှိနှိုင်းပေးသည်။
ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် ဟားခါးမြို့
ဇေတ၀န်တောရစာသင် တိုက်သို့ သွားရောက်၍ ချင်းတောင်တန်း သာသနာပြု ဆရာတော် ဒေါက်တာ အရှင်
တေဇောသာရ အမှူးပြုသော သံဃာတော်များထံ လှူဖွယ်ဝတ္တူများ လှူဒါန်းခဲ့သည်။
(သတင်းစဉ်)

No comments:
Post a Comment