ကြံခင်း
ဖေဖော်ဝါရီ ၂၂
ကြံခင်းမြို့နယ်
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြင့်မားရေးဆွေးနွေးပွဲကို ဖေဖော်ဝါရီ
၂၂ ရက်နေ့က မြို့နယ်ပြန်/ဆက်ရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် ကျင်းပပြုလုပ်ရာ ကြံခင်းမြို့နယ်
အတွင်းရှိ ကျေးရွာစာကြည့်တိုက်မှူးများနှင့်စာကြည့်တိုက်ကော်မတီဝင်များ၊ စာပေဝါသနာရှင်များ၊
မြို့နယ် ပြန်/ဆက်ရုံး ဝန်ထမ်းများ တက်ရောက် ဆွေးနွေးခဲ့ကြသည်။
စာဖတ်ရှိန်မြင့်မားရေးဆွေးနွေးပွဲအခမ်းအနားတွင်
မြို့နယ်ပြန်/ဆက် ဦးစီးမှူး ဒေါ်လှိုင်ပို့ပို့ဇင်က စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး၊
စာငှား/စာဖတ်သူတိုးပွားရေး၊ ကျောင်းသားလူငယ်များစာဖတ်ချင်စိတ် ရှိလာ စေရန်အတွက် ကျောင်းသားလူငယ်များစိတ်ဝင်စားသည့်
အစီအစဉ်များကို စာကြည့်တိုက်များတွင် ဆောင်ရွက်ရန်နှင့် လူထုဗဟိုပြု စာကြည့်တိုက်များဖြစ်ပေါ်လာရေးတို့ကိုဆွေးနွေးတင်ပြရာ
ကျေးရွာ စာကြည့်တိုက်မှူးများနှင့်စာကြည့်တိုက် ကော်မတီဝင်များကပြန်လည်၍ အကြံပြုဆွေးနွေးခဲ့ကြသည်။
အခမ်းအနားတွင်
မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက စာဖတ်ရှိန်
မြင့်မားရေး ဆွေးနွေးပွဲသို့ တက်ရောက်၍ အကြံပြုဆွေးနွေးချက်များကို ကျေးဇူးတင်ကြောင်းနှင့်ဆွေးနွေး
အကြံပြုချက်များဖြင့် ကြံခင်းမြို့နယ်အတွင်း စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်
စာဖတ်ရှိန်မြင့်မားရေး တို့ကိုပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောကြားပြီး ကျေးရွာစာကြည့်တိုက်များအတွက်
စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရှိရသည်။
ထို့နောက်
စာဖတ်ရှိန်မြင့်မားရေးဆွေးနွေးပွဲအခမ်းအနားသို့ တက်ရောက်ကြသော ကျေးရွာ စာကြည့်တိုက်
မှူးများနှင့်စာကြည့်တိုက်ကော်မတီဝင်များက မြို့နယ်ပြန်/ဆက်ဦးစီးဌာန ကလေးစာဖတ်ခန်းကို
ကြည့်ရှု့လေ့လာခဲ့ကြသည်။
ကြံခင်း
(ပြန်/ဆက်)


No comments:
Post a Comment