တာချီလိတ် ဖေဖော်ဝါရီ ၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)
တာချီလိတ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ဒေသတွင်း ဆောင်းသီးနှံတိုးတက် စိုက်ပျိုးလာစေရေးနှင့် စိုက်ပျိုးစရိတ်ကုန်ကျမှု သက်သာပြီး တစ်ဧက ပဲမျိုးစုံအထွက်နှုန်း တိုးတက်ကောင်းမွန်ရေး စိုက်ပျိုးနည်းကွင်းလက်တွေ့
သရုပ်ပြပညာပေးပွဲကို ဖေဖော်ဝါရီ ၂၄ ရက်၊ နံနက်က ဖန်မင်ကျေးရွာအုပ်စုရှိ တောင်သူဦးလုံးကြူး၏ လယ်မြေတွင် (Best Management Practices, BMP) စနစ်ဖြင့် စိုက်ပျိုးထားသော ဆောင်းပဲပုတ်စံပြစိုက်ကွက်
(၅) ဧက၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စိုက်ပျိုးနည်းကွင်း
လက်တွေ့သရုပ်ပြပွဲတွင် ခရိုင်မျိုးစေ့တာဝန်ခံ
ဦးအေးကိုက မျိုးကောင်းမျိုးသန့်ရွေးချယ် စိုက်ပျိုးခြင်းဖြင့် ရရှိစေမည့် အကျိုးကျေးဇူးများကိုလည်းကောင်း၊
ခရိုင်မြေအသုံးချတာဝန်ခံ ဒေါ်မြဥမ္မာက ယူရီးယားပုလဲဓာတ်မြေသြဇာနှင့် ဘိုရွန်လက်ချား ရောစပ်ပက်ဖျန်းရာတွင်
အသုံးပြုရမည့်နှုန်းတားနှင့် လက်တွေ့ ရောစပ်နည်းကို လည်းကောင်း၊ မြို့နယ်ဦးစီးမှူး ဦးစိုင်းခင်ဇော်လတ်က (ယူရီးယားနှင့်လက်ချား) ရောစပ်ပက်ဖျန်းရခြင်း၏
အကြောင်းအရင်း၊ အချိန်ကာလနှင့် အကျိုးကျေးဇူး များကိုလည်းကောင်း အသေးစိတ် ရှင်းလင်းပြသပေးသည်။
ယင်းပညာပေးကွင်း သရုပ်ပြပွဲသို့
တက်ရောက်လာသည့် ကျေးရွားအုပ်စုအုပ်ချုပ်ရေးမှူးနှင့် တောင်သူ (၄၀) ဦးကျော်တို့အား စိုက်ပျိုးရေးဦးစီးဌာနမှ ၀န်ထမ်းများက ယူရီးယားနှင့်
လက်ချားရောစပ်ထားမှုအား လက်တွေ့ပက်ဖျန်းသရုပ်ပြကာ စိုက်ပျိုးရေး ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ
ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်

No comments:
Post a Comment