Friday, February 24, 2017

အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ဂျပန်နိုင်ငံ Asia-Pacific Water Forum (APWF) Secretariat ရုံးမှ Secreatary-General Mr. Kotaro Takemura အား လက်ခံတွေ့ဆုံ


ရန်ကုန်-ဖေဖော်ဝါရီ ၂၄
     
အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ ဥက္ကဋ္ဌ    ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ သည် ဂျပန်နိုင်ငံ Asia-Pacific Water Forum (APWF) Secretariat ရုံးမှ Secreatary-General Mr. Kotaro Takemura အား ယနေ့မွန်းလွဲ ၂ နာရီတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။


တွေ့ဆုံစဉ်  ဂျပန်နိုင်ငံတွင် ပထမအကြိမ်ကျင်းပခဲ့သည့် အာရှပစိဖိတ် ရေညီလာခံ နှင့် ထိုင်းနိုင်ငံတွင် ဒုတိယအကြိမ်ကျင်းပခဲ့သည့် ရေညီလာခံ အတွေ့အကြုံများ၊ ရန်ကုန်မြို့တွင် တတိယအကြိမ် အာရှပစိဖိတ်ရေညီလာခံကျင်းပရန် အဆိုပြုထားမှုနှင့်စပ်လျဉ်း၍ ဆွေးနွေးကြ သည်။

တွေ့ဆုံပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တိုင်းဒေသကြီး ၀န်ကြီးများ၊ အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ အတွင်းရေးမှူး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းလွင်နှင့် ဂျပန်နိုင်ငံ Asia-Pacific Water Forum (APWF) Secretariat ရုံးမှတာဝန်ရှိသူများ တက်ရောက်ကြသည်။

ယင်းနောက် အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတသည် မရမ်းကုန်းမြို့နယ်ရှိ အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ၏ ရေဆိုင်ရာသတင်းအချက် အလက် ဗဟိုဌာနရုံး တည်ဆောက်မည့်မြေနေရာအား သွားရောက်ကြည့်ရှုသည်။


မရမ်းကုန်းမြို့နယ်၌တည်ဆောက်မည့် အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ၏ ရေဆိုင်ရာ သတင်း အချက်အလက် ဗဟိုဌာနရုံးသည် ဧရာဝတီမြစ်ဝှမ်း ဘက်စုံစီမံခန့်ခွဲမှု စီမံကိန်း တွင် ပါဝင်ပြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက တာဝန်ယူကာ ကမ္ဘာ့ဘဏ်ချေးငွေဖြင့် အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။  

No comments:

Post a Comment